
MFF MYANMAR FUTSAL LEAGUE 2018 ပြိုင်ပွဲ၏ ခြေစစ်ပွဲတွင် GV ATHLETIC FC နိုင်ပွဲဆက်
July 15, 2018
၂၀၂၀ အိုလံပစ် အမျိုးသမီး ခြေစစ်ပွဲတွင် မြန်မာအမျိုးသမီးအသင်း ပထမဆင့်မှ စတင်ကာ ယှဉ်ပြိုင်ရမည်
July 17, 2018MFF Myanmar Futsal League 2018 ပြိုင်ပွဲ၏ ခြေစစ်ပွဲစဉ်များ၏ နောက်ဆုံးပွဲစဉ်များကို ဇူလိုင်လ ၁၇ ရက်နေ့ နံနက်ပိုင်းက အမျိုးသား အားကစားပြိုင်ပွဲရုံ(၁)တွင် ကျင်းပခဲ့ရာ GV Athletic အသင်းက RDZ အသင်းကို ၅-၄ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး Comrade အသင်းက Shwe Myawaddy အသင်းကို ၃-၂ ဂိုးဖြင့် အသီးသီး အနိုင်ရရှိခဲ့ကြသည်။
ထို့ကြောင့် GV Athletic အသင်းက ရာနှုန်းပြည့် နိုင်ပွဲဖြင့် ခြေစစ်ပွဲကို အောင်မြင်ခဲ့ပြီး AMM အသင်းနှင့် Comrade အသင်းတို့သည်လည်း တစ်ပွဲနိုင်၊ တစ်ပွဲရှုံး၊ နှစ်ပွဲ သရေဖြင့် ရမှတ် ၅ မှတ် ရရှိကာ MFF Myanmar Futsal League 2018 ပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိသွားခဲ့ကြပြီ ဖြစ်သည်။
MFF Myanmar Futsal League 2018 ပြိုင်ပွဲကို Pyay United အသင်း၊ MIC FC၊ VUC FC၊ Titan XII FC၊ UPT FC၊ YTD မြို့မ၊ Yangon City FC၊ White Colour FC၊ MFF U-19အသင်းတို့နှင့် အတူ ခြေစစ်ပွဲ အောင်မြင်ခဲ့သောအသင်း သုံးသင်းတို့ဖြင့် သြဂုတ်လ အတွင်း စတင်ကျင်းပသွားမည် ဖြစ်သည်။