ALPINE CUP 2018 ပြိုင်ပွဲ၏ ဒုတိယနေ့ ပွဲစဉ် တွင်မြန်မာအသင်း ဘာရိန်းအသင်းနှင့် တစ်ဂိုးစီသရေကျ
August 3, 2018MFF MYANMAR FUTSAL LEAGUE 2018 ပြိုင်ပွဲ၏ သတင်းစာ ရှင်းလင်းပွဲ ကျင်းပ
August 16, 2018Alpine Cup 2018 ပြိုင်ပွဲ၏ နောက်ဆုံးနေ့ ပြိုင်ပွဲများနှင့် ဆုပေးပွဲအခမ်းအနားများကို မန္တလေး မြို့ မန္တလာသီရိအားကစားကွင်းတွင် ညနေ ၃း၀၀ အချိန်မှစတင်ကျင်းပခဲ့သည်။
ယနေ့ ပွဲစဉ်များ၏ ပထမပွဲစဉ် အဖြစ် ယှဉ်ပြိုင်ကစားခဲ့သည့် တောင်ကိုရီးယား ယူ-၁၉ အသင်းနှင့် ဘာရိန်း ယူ-၂၃ အသင်းတို့၏ပွဲစဉ်တွင် တောင်ကိုရီးယားယူ-၁၉ အသင်းက ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်အတွက် Alpine Cup 2018 ပြိုင်ပွဲ၏ ချန်ပီယံအဖြစ် ရပ်တည်နိုင်ခဲ့သည်။
ဒုတိယပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့သော ပွဲစဉ်တွင် မြန်မာယူ-၂၃ အသင်းက ထိုင်းယူ-၂၃ အသင်းကို ၂-၁ ဂိုးဖြင့် အနိုင်ရရှိပြီး ပြိုင်ပွဲ၏ ဒုတိယဆုကိုရယူနိုင်ခဲ့သည်။
ထို့နောက် ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပခဲ့ရာ ဂိုးသွင်းအများဆုံးဆုအား တောင်ကိုရီးယား ယူ-၁၉ အသင်းမှ ကျောနံပါတ်-၁၁ UM WONSANG က ရရှိခဲ့ပြီး ထိုဆုကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းမြင့်ဦးက ချီးမြှင့်ပေးခဲ့သည်။
ပြိုင်ပွဲ၏ တန်ဖိုးအရှိဆုံးကစားသမားဆုကိုမူ တောင်ကိုရီးယားယူ-၁၉ အသင်းမှ HWANG TAEHYEON က ရရှိခဲ့ပြီး ထိုဆုကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်နှင့်စွမ်းအင်ဌာန ဝန်ကြီး ဦးမျိုးတင့်က ချီးမြှင့်ခဲ့သည်။ ထို့နောက် တတိယရရှိသည့် ဘာရိန်းယူ-၂၃ အသင်းအား ဆုဆွဲပြားများကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ သဘာဝအရင်းအမြစ်နှင့် သစ်တောဝန်ကြီးဌာန ဝန်ကြီး ဦးဇာနည်အောင်က ပေးအပ်ချီးမြှင့်ပေးခဲ့သည်။
ဒုတိယဆုရရှိသည့် မြန်မာယူ-၂၃ အသင်းအား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာနဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်မင်းက ဆုဆွဲပြားများပေးအပ်ခဲ့ပြီး ဆုကြေးငွေအမေရိကန်ဒေါ်လာ ၅၀၀၀ ကို မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး မစ္စတာဂျာမွန်လောင်းက ချီးမြှင့်ပေးခဲ့သည်။ ထို့နောက် ချန်ပီယံဆုဖလားဆွတ်ခူးခဲ့သည့် တောင်ကိုရီးယားယူ-၁၉ အသင်းအား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာစိုင်းဆမ်ထွန်းက ဆုတံဆိပ်ဆွဲပြားများပေးအပ်ခဲ့ပြီ်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က ဆုကြေးငွေအမေရိကန်ဒေါ်လာ ၁၀၀၀၀ ကို ပေးအပ်ခဲ့သည်။ ထို့နောက် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ဆုဖလားကို ပေးအပ်ခဲ့ပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။