ရေဘေးသင့် လာအိုပြည်သူများနှင့် အင်ဒိုနီးရှား ငလျင်ဘေးသင့် ပြည်သူများသို့ MFF ဥက္ကဋ္ဌမှ စာနာမှု ထောက်ပံ့ ကူညီငွေများ ပေးအပ်လှူဒါန်း
August 25, 2018မြန်မာနှင့်ထိုင်း အမျိုးသမီး ယူ၁၉ အသင်း ခြေစမ်းပွဲများ ကစားမည်
September 18, 2018မြန်မာလက်ရွေးစင် အသင်း သွားရောက်ယှဉ်ပြိုင် ရမည့် ၂၀၁၈ အာဆီယံ ဖူဆယ် ချန်ပီယံ ရှစ်ပြိုင်ပွဲ အုပ်စုပွဲစဉ်များ ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။
အင်ဒိုနီးရှား နိုင်ငံ ယိုဂျာကာတာ မြို့တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၀၁၈ အာဆီယံ ဖူဆယ် ချိန်ပီယံ ရှစ်ပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် ဖူဆယ် အသင်း သည် အုပ်စု (က)၌ အိမ်ရှင် အင်ဒိုနီးရှားအသင်း၊ မလေးရှား အသင်း၊ ကမ္ဘောဒီးယား အသင်းတို့နှင့် ယှဉ်ပြိုင် ကစားရမည် ဖြစ်သည်။ အုပ်စု (ခ)တွင်မူ ထိုင်း၊ ဗီယက်နမ်၊ ဘရူနိုင်း၊ တီမော အသင်းတို့ ယှဉ်ပြိုင် ကြရမည် ဖြစ်သည်။
၂၀၁၈ အာဆီယံ ဖူဆယ် ချန်ပီယံ ရှစ်ပြိုင်ပွဲ၏ အုပ်စုပွဲစဉ်များကို နိုဝင်ဘာလ ၅ ရက်နေ့မှ ၇ ရက်နေ့အထိ နေ့စဉ် ယှဉ်ပြိုင် ကစားရမည် ဖြစ်ပြီးမြန်မာ့လက်ရွေးစင် ဖူဆယ် အသင်းသည် နိုဝင်ဘာလ ၅ ရက်နေ့တွင် အိမ်ရှင် အင်ဒိုနီးရှား အသင်းနှင့်လည်းကောင်း၊ နိုဝင်ဘာလ ၆ ရက်နေ့ တွင် ကမ္ဘောဒီးယား အသင်းနှင့် လည်းကောင်း၊ နိုဝင်ဘာလ ၇ ရက်နေ့တွင် မလေးရှားအသင်းနှင့် လည်းကောင်းယှဉ်ပြိုင် ကစားရမည် ဖြစ်သည်။
ထိုပြိုင်ပွဲ၏ ဆီမီးဖိုင်နယ် ပွဲစဉ်များကို နိုဝင်ဘာလ ၉ ရက်နေ့တွင် ကျင်းပမည် ဖြစ်ပြီး ဗိုလ်လုပွဲစဉ်ကို နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ကျင်းပသွားမည် ဖြစ်သည်။ လက်ရှိအချိန်တွင်ပြိုင်ပွဲကျင်းပမည့် ရက်များကိုသာ ထုတ်ပြန်ထားပြီး ပွဲကစားရမည့် အချိန်များကို အာဆီယံ ဘောလုံးအဖွဲ့ချုပ်မှ ထုတ်ပြန်ခြင်း မရှိသေးပေ။