
မြန်မာနှင့် ဘိုလီးဗီးယား လက်ရွေးစင်အသင်းတို့ ရန်ကုန်မြို့တွင် ခြေစမ်း
September 25, 2018
နည်းစနစ်ဒါရိုက်တာ ခန့်အပ်ခြင်း နှင့် စပ်လျဉ်း၍ သတင်းစာ ရှင်းလင်းပွဲ ကျင်းပ
October 2, 2018၂၀၁၈ ဆူဇူကီးဖလား ပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်သည့် အနေဖြင့် မြန်မာ့ လက်ရွေးစင် အသင်းသည် အောက်တု ိဘာ ၁၀ ရက်နေ့ အင်ဒိုနီးရှားနိုင်ငံတွင် အင်ဒိုနီးရှား လက်ရွေးစင် အသင်းနှင့် လည်းကောင်း၊ အောက်တိုဘာ ၁၃ ရ က်နေ့ ရန်ကုန်မြို့တွင် ဘိုလီဗီးယား လက်ရွေးစင် အသင်းနှင့်လည်းကောင်း ဖီဖာ နိုင်ငံတကာ ခြေစမ်းပွဲ ၂ ပွဲ ယှဉ်ပြိုင် ကစားသွားမည် ဖြစ်သည်။ အဆိုပါ ခြေစမ်းပွဲနှစ်ရပ်အတွက် ပဏာမ မြန်မာ့လက်ရွေးစင် ကစားသမား (၂၇)ဦး စာရင် းကို ယနေ့မွန်းလွဲပိုင်တွင် မြန်မာအသင်း နည်းပြချုပ် အန်တွမ်နီဟေးက ထုတ်ပြန် ကြေညာလိုက်သည်။
ထုတ်ပြန်လိုက်သည့် စာရင်းအရ ပြည်ပကလပ်များတွင် ကစားနေသည့် အောင်သူ (Police Tero) နှင့် ကောင်းဆက်နိ ုင် (Samut Sakhon)တို့ပါဝင်လာပြီး သန်းထက်အောင်၊ သီဟထက်အောင် (ဇွဲကပင်)၊ မျိုးကိုထွန်း၊ သိန်းသန်းဝင်း၊ ရဲကိုဦး (ရတနာပုံ) တို့လည်း ပါဝင်လာခဲ့သည်။” ကျွန်တော်တို့ လိဂ်ပွဲစဉ်တွေကို လအတန်ကြာ လိုက်လံကြည့်ရှုပြီး Scouting လုပ်ခဲ့ပါတယ်။ နိုင်ငံတကာ ပွဲအချို့ လည်း ကစားပြီးခဲ့ပါပြီ။ အခု ပဏာမ လူစာရင်းကိုတော့ ကစားသမားတွေရဲ့ လက်ရှိ စွမ်းဆောင်မှုနဲ့ သူတို့အရည်အ ချင်းကို သေသေချာချာ ဆန်းစစ်ပြီးမှ ရွေးချယ်ထားတာပါ။ လာမယ့် ဆူဇူကီးဖလားမှာ အောင်မြင်ဖို့အတွက် လို အပ်တာတွေ အကုန်လုံး သူတို့ လုပ်ပြပေးနိုင်မယ်လို့ စိတ်ချယုံကြည် ထားပါတယ်။ အင်ဒိုနီးရှားနဲ့ ဘိုလီဗီးယား တို့ကို ယှဉ်ပြိုင်ကစားရမယ့် ခြေစမ်းပွဲတွေကတော့ ကျွန်တော်တို့ လူငယ်တွေအတွက် အားရကျေနပ်စရာ ကောင်းတဲ့ အခွင့်အလမ်းတွေ ပါပဲ။ ပိုမိုမြင့်မားတဲ့ အဆင့်တစ်ခုကို ရောက်ဖို့ အတွေ့အကြုံကောင်းတွေ ရလာမှာပါ” ဟု မြန်မာ့ လက် ရွေးစင် အသင်း ပဏာမ လူစာရင်းရွေးချယ်ခြင်း နှင့်စပ်လျဉ်း၍ နည်းပြချုပ် အန်တွမ်နီဟေးက ပြောကြားသည်။
လူငယ် ကစားသမား အများစုဖြင့် ဖွဲ့စည်းထားခြင်းကိုလည်း နည်းပြချုပ် အန်တွမ်နီဟေးက “လက်ရှိအခြေအနေက အသင်းကို လူငယ်ကစားသမားတွေ ပိုမို တာဝန်ယူရမယ့် အခြေအနေပါ။ သူတို့အတွက်လည်း အချိန်ကောင်းပါပဲ။ လူငယ်မျိုးဆက်တွေ အနေနဲ့ ရင့်ကျက်ချိန်တန်ပြီ ဖြစ်သလို အသင်းကို ဦးဆောင် မောင်းနှင်ချိန်လည်းတန်ပါပြီ။ ဒါေ ကြာင့် ချန်ထားရစ်ခဲ့ရတဲ့ နောက်ခံလူ ဇော်မင်းထွန်းဆိုရင် ကစားသမားကောင်း တစ်ဦးဖြစ်သလို ကုန်ဆုံးခဲ့တဲ့နှစ်ေ တွမှာ လက်ရွေးစင် အသင်းအတွက် သော့ချက် ကစားသမားတစ်ဦးလည်း ဖြစ်ခဲ့ပါတယ်။ အခုကတော့ လူငယ်တွေ တာဝန်ယူရတော့မယ့် အချိန်ဖြစ်လာပါပြီ။ ဇော်မင်းထွန်းဟာ ကျွန်တော်တို့လိုအပ်တဲ့ အချိန်တစ်ခုမှာတော့ အသင့် အသုံးပြုနိုင်မယ့် ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်” ဟုဆိုသည်။
မြန်မာ့လက်ရွေးစင် အသင်းအနေဖြင့် စက်တင်ဘာလ ၂၈ ရက်နေ့ညနေတွင် အသင်းအား စတင်စုစည်းလေ့ကျင့်မှု ြ ပုလုပ်သွားမည်ဖြစ်သည်။