အင်ဒိုနီးရှား၊ ဘိုလီဗီးယားတို့နှင့် ခြေစမ်းပွဲများအတွက် ပဏာမ မြန်မာ့လက်ရွေးစင် အသင်းလူစာရင်း ထုတ်ပြန်
September 27, 2018လေးနှစ်ကြာ သင်ယူရမည့် AFC ဒိုင်အကယ်ဒမီသို့ မြန်မာနိုင်ငံမှ ဒိုင်လူကြီး ဦးဖြိုးထက်အောင် တက်ရောက်သင်ယူမည်
October 5, 2018မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် နည်းစနစ်ဒါရိုက်တာ ခန့်အပ်ခြင်းနှင့် စပ်လျဉ်း၍ သတင်းစာ ရှင်းလင်းပွဲ အခမ်းအနားကို အောက်တိုဘာလ ၂ ရက်နေ့ နေ့လည် ၂ နာရီ အချိန်တွင် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် သတင်းစာရှင်းလင်းပွဲ ခန်းမတွင် ကျင်းပခဲ့သည်။
ထိုအခမ်းအနားသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အမှုဆောင် အရာရှိချုပ် ဦးဘုန်းနိုင်ဇော်၊ မြန်မာနေရှင်နယ်လိဂ် အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်း၊ တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးတင်မြင့်အောင်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ အသစ်ခန့်အပ်လိုက်သော နည်းစနစ်ဒါရိုက်တာ Mr.Eric Abramsနှင့် တာဝန်ရှိသူများ သတင်းနှင့် စာနယ်ဇင်းမီဒီယာအသီးသီးမှ မီဒီယာ သမားများတက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အမှုဆောင် အရာရှိချုပ် ဦးဘုန်းနိုင်ဇော်က “မြန်မာဘောလုံး အဆင့်အတန်း လက်ရှိအဆင့်ကနေပြီးတော့ မြင့်မားစွာ တိုးတက်အောင် ကျွန်တော်တို့က မျိုးစုံ စဉ်းစားဆုံးဖြတ်ရွေးချယ်တဲ့ အခါမှာ လိုအပ်နေတဲ့ ကွက်လပ်တစ်ခု ဖြစ်တဲ့ နိုင်ငံတကာ အတွေ့အကြုံရှိပြီး ပရိုဖိုင်လည်း မြင့်မားတဲ့ နည်းစနစ်ဒါရိုက်တာ တစ်ဦးကို ခန့်အပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ မြန်မာဘောလုံးအတွက်ကြီးမားတဲ့ အပြောင်းအလဲကို Mr. Eric က လုပ်ဆောင်ပေးနိုင်မယ်လို့ ယုံကြည်ပါတယ်”ဟု အဖွင့်အမှာစကား ပြောကြားရာတွင် ထည့် သွင်းပြောကြားခဲ့သည်။
ထို့နောက် သတင်းနှင့် စာနယ်ဇင်း မီဒီယာ အသီးသီးမှ မေးမြန်းမှုများကို ဖြေကြားရာတွင် Mr.Eric Abrams က “မြန်မာတွေရဲ့ ဘောလုံးအပေါ် ချစ်မြတ်နိုးစိတ်အပြင် လက်ရွေးစင်အသင်းတွေမှာလည်း အမျိုးသားအသင်းရော အမျိုးသမီးအသင်းရော အောင်မြင်တဲ့ နိုင်ငံ အများကြီး မရှိပါဘူး။ မြန်မာအသင်းကတော့ အောင်မြင်တဲ့ နိုင်ငံထဲမှာပါပါတယ်။ ကမ္ဘာ့အဆင့် သတ်မှတ်ချက်မှာလည်း မြန်မာနိုင်ငံလောက် ဘောလုံးကို မချစ်တဲ့ နိုင်ငံတွေ၊ ဖွံ့ဖြိုးမှု ရပ်တန့်နေတဲ့ နိုင်ငံတွေက မြန်မာအသင်း ရဲ့ အပေါ်မှာ ရောက်နေတာကို တွေ့ရပါတယ်။ ကျွန်တော်MFF မှာ ရှိနေတဲ့ အချိန်အတွင်းမှာ မြန်မာအသင်းကမ္ဘာ့အဆင့်ရပ် တည်မှုကို မြင့်တက်စေချင်ပါတယ်။ မြန်မာ့ဘောလုံးတိုးတက်ဖို့အတွက် အားလုံး ဝိုင်းဝန်းကြိုးပမ်းကြဖို့ တောင်းဆိုချင်ပါတယ်”ဟု ထည့်သွင်းဖြေကြားခဲ့သည်။
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အနေဖြင့် Mr. Eric Abramsကို သုံးနှစ်စာချုပ်ဖြင့် ခေါ်ယူထားခြင်းဖြစ်သည်။
Mr. Eric Abrams မွေးထုတ်ပေးခဲ့သော ကမ္ဘာကျော် ကစားသမားများ
———————-
Vincent Kompany (Belgium A-international-Manchester City),Eden Hazard (Belgium A-international-Chelsea), Romulu Lukaku (Belgium A-international-Manchester United), Kevin Debruyne (Belgium A-international-Manchester City), Thibaut Courtois (Belgium A-international-Real Madrid), Jan Verthongen (Belgium A-international-Tottenham Hotspur)