နည်းစနစ်ဒါရိုက်တာ ခန့်အပ်ခြင်း နှင့် စပ်လျဉ်း၍ သတင်းစာ ရှင်းလင်းပွဲ ကျင်းပ
October 2, 2018နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး တို့ မဲခေါင်ဒေသ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌများနှင့် ကစားသမားများအား တွေ့ဆုံ
October 9, 2018အာရှဘောလုံး အဖွဲ့ချုပ် AFC ၏ ဒိုင်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်ဖွင့်လှစ်မည့် AFC Referee Academy Batch 2018 သို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်(MFF) ဒိုင်လူကြီးတစ်ဦး ဖြစ်သူ ဦးဖြိုးထက်အောင် တက်ရောက် သင်ယူမည်ဖြစ်သည်။ သင်တန်းကာလ ၄ နှစ်ကြာ တက်ရောက် သင်ယူရမည့် အဆိုပါ ဒိုင်လူကြီး အကယ်ဒမီသို့ အာရှ ဘောလုံးအဖွဲ့ချုပ် အဖွဲ့ဝင်နိုင်ငံများမှ တစ်နိုင်ငံလျင် (၂)ဦးစီ တက်ရောက်ခွင့် ရှိသော်လည်း ပြည်တွင်းရှိ ဒိုင်လူကြီးများအနက် အသက်အရွယ်နှင့် စံနှုန်းကိုက်ညီသည့် ဦးဖြိုးထက်အောင် တစ်ဦးတည်းကိုသာ အဆိုပြုရခြင်း ဖြစ်သည်။ AFC အနေဖြင့် ဒိုင်အကယ်ဒမီ တက်ရောက်ရန် သတ်မှတ်ထားသည့် အသက်ကန့်သတ်ချက်မှာ ၂၃ နှစ် နှင့် ၂၉ နှစ်အကြားဖြစ်ပြီး အင်္ဂလိပ်စာ အရည်အချင်း သက်မှတ်ချက်များ၊ နည်းစနစ် နားလည်တတ်ကျွမ်းမှုများ၊ ပြည်တွင်းလိဂ်ပွဲစဉ်များ တွင်ကိုင်တွယ်နိုင်ခဲ့မှုများ၊ ကာယကြံ့ခိုင်မှု စစ်ဆေးချက်များ၊ စိတ်ပညာနှင့်အခြားသော သတ်မှတ် စည်းကမ်းချက်များ ပြည့်မီသူဖြစ်ရမည် ဖြစ်သည်။
ဦးဖြိုးထက်အောင် အနေဖြင့် Level-1 အား ပထမနှစ်တွင် လည်းကောင်း၊ Level 2 အား ဒုတိယနှင့် တတိယ နှစ်များတွင် လည်းကောင်း၊ Level-3 အား စတုတ္ထနှစ်တွင်လည်းကောင်း AFC ၏ သင်ကြားရေး အစီအစဉ်များအတိုင်း တက်ရောက် သင်ယူရမည် ဖြစ်သည်။ အသက် ၂၅ နှစ်အရွယ် ဦးဖြိုးထက်အောင်သည် ဒိုင်လူကြီး အကယ်ဒမီ တက်ရောက်နေစဉ်နှင့် အနာဂတ် ကာလများအတွင်း နိုင်ငံတကာ ပွဲစဉ်များကိုလည်း ကြီးကြပ်ကိုင်တွယ်ခွင့်နှင့် ဖီဖာ ကမ္ဘာ့ဖလား ခြေစစ်ပွဲများကဲ့သို့ အဆင့်မြင့် ပွဲစဉ်များတွင်လည်း ကိုင်တွယ်ခွင့်ရမည့် အခွင့်အရေးလည်း ရရှိလာမည် ဖြစ်သည်။ ဦးဖြိုးထက်အောင်သည် MFF မှကျင်းပသည့် အမျိုးသား အမျိုးသမီး သက်တမ်းအလိုက် ပြိုင်ပွဲများနှင့် လိဂ်ပွဲစဉ်များအား အကောင်းဆုံး ကိုင်တွယ်နိုင်ခဲ့သည့် မျိုးဆက်သစ် ဒိုင်လူကြီးတစ်ဦးလည်း ဖြစ်သည်။
ဦးဖြိုးထက်အောင် အနေဖြင့် AFC Referee Academy ပထမနှစ်အား လာမည့် အောက်တိုဘာ ၁၈ ရက်မှ ၂၈ ရက်နေ့အထိ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် သွားရောက်သင်ယူမည်ဖြစ်သည်။