လေးနှစ်ကြာ သင်ယူရမည့် AFC ဒိုင်အကယ်ဒမီသို့ မြန်မာနိုင်ငံမှ ဒိုင်လူကြီး ဦးဖြိုးထက်အောင် တက်ရောက်သင်ယူမည်
October 5, 2018Condolences to the families with respect and kind
October 15, 2018ဂျပန်နိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပသည့် Mekong -Japan Summit Ceremony အခမ်းအနားတွင် ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ရှင်ဇိုအာဘေး (H.E Shinzō Abe)နှင့် မဲခေါင်ဒေသ အာဆီယံ ဝန်ကြီးချုပ်များသည် ဂျပန်နိုင်ငံ တိုကျိုမြို့ Akasaka Palace ဟိုတယ်တွင် မဲခေါင်ဒေသတွင်း နိုင်ငံများမှ ဘောလုံး အဖွဲ့ချုပ်များ ဖြစ်သည့် မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် တို့မှ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌများ၊ ဒုတိယ ဥက္ကဋ္ဌများ၊ အထွေထွေ အတွင်းရေးမှူးများနှင့် ယူ၁၇ အသင်းခေါင်းဆောင်များအား ရင်းနှီးစွာ တွေ့ဆုံ နှုတ်ဆက်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားတွင် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ဂျပန်နှင့် မဲခေါင် ဒေသတွင်းနိုင်ငံများ ပိုမိုချစ်ကြည် ရင်းနှီးမှု ရရှိစေရန် အတွက် ယခုကဲ့သို့ ဘောလုံး အားကစားဖြင့် ဆက်ဆံပူးပေါင်း ဆောင်ရွက်ခြင်းမှာ များစွာ အကျိုးရှိပါကြောင်း၊ ဂျပန်-မဲခေါင် ယူ၁၇ ပြိုင်ပွဲကဲ့သို့ ဖိတ်ခေါ်ပြိုင်ပွဲများဖြင့် ဒေသတွင်းနိုင်ငံများ ပိုမိုချစ်ကြည်ရင်းနှီးမှု ရရှိသည့် အတွက် များစွာ ဂုဏ်ယူဝမ်းမြောက် ပါကြောင်း၊ မဲခေါင်ဒေသတွင်း ဘောလုံး အားကစား အဆင့်အတန်းလည်း ပိုမို မြင့်မား လာစေရန် ဆန္ဒပြုပါကြောင်း ထည့်သွင်းပြောကြားသွားခဲ့သည်။
မဲခေါင် ဒေသတွင်းနိုင်ငံများ ဘောလုံးလောက ပိုမို ဖွံ့ဖြိုးရေး အတွက် ယနေ့မနက် (၈း၀၀)နာရီတွင်လည်း တိုကျိုမြို့တွင် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် ထိုင်း၊ ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယားနှင့် ဂျပန် ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌများ၊ ဒုတိယ ဥက္ကဋ္ဌများနှင့် အထွေထွေ အတွင်းရေးမှူးများ အတူတကွ တွေ့ဆုံဆွေးနွေးခဲ့သည်။ ဆွေးနွေးမှုတွင် မဲခေါင်ဒေသ ဘောလုံးအဖွဲ့ချုပ် တစ်ရပ် ထူထောင်ဖွဲ့စည်း၍ ဒေသတွင်း နိုင်ငံများ အချင်းချင်း ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် လူငယ်ပြိုင်ပွဲများ ပိုမိုကျင်းပနိုင်ရေး၊ အမျိုးသား အမျိုးသမီးနှင့် သက်တမ်းအလိုက် ပြိုင်ပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရေး၊ နည်းစနစ်နှင့် ပညာရပ်ဆိုင်ရာ သင်တန်းများ ဖွင့်လှစ်ခြင်း၊ လူငယ် ဘောလုံးပွဲတော်များ ကျင်းပခြင်းတို့ပါဝင်သည်။
အခမ်းအနား အပြီးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ရှင်ဇိုအာဘေး (H.E Shinzō Abe)နှင့် မဲခေါင်ဒေသ အာဆီယံ ဝန်ကြီးချုပ်များသည် MFF ဥက္ကဋ္ဌ ဦးဇော်ဇော်၊ မြန်မာ ယူ၁၇ အသင်းခေါင်းဆောင် နောင်နောင်စိုးနှင့် ဂျပန်-မဲခေါင် ယူ၁၇ ဖိတ်ခေါ်ပြိုင်ပွဲဝင် အသင်းများမှ အသင်းခေါင်းဆောင်များ၊ မဲခေါင်ဒေသ နိုင်ငံများမှ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌများ၊ အဖွဲ့ဝင်များနှင့် အမှတ်တရ ဓာတ်ပုံရိုက်ကူးခဲ့ကာ လက်ဆောင် ပစ္စည်းများ အပြန်အလှန် လဲလှယ်ခဲ့ကြသည်။