Condolences to the families with respect and kind
October 15, 2018မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းများမှ MFF ဥက္ကဋ္ဌ အပါအဝင် နည်းပြဆရာများ၊ သက်ကြီးဝါကြီးများကို ဂါရဝပြု ကန်တော့
November 1, 2018ဒေါ်သက်သက်ဝင်း (နည်းပြချုပ်၊ မြန်မာ့လက်ရွေးစင် အမျိုးသမီး ယူ-၁၉ အသင်း)
ဒီပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်ခဲ့ရမှုတွေကို အားရပါတယ်။
အီရန်နဲ့ လာအိုက ပြိုင်ဘက်ကောင်းတွေပါ။ ဒါပေမဲ့ မြန်မာကစားသမားတွေ အနေနဲ့ ပြိုင်ပွဲအတွင်းမှာ
အကောင်းဆုံး လုပ်ပြနိုင်မယ်လို့ ယုံကြည်ပါတယ်။
ခြေစစ်ပွဲ ပထမအဆင့်ကို ကျော်ဖြတ်နိုင်မယ်လို့ ယုံကြည်မှု အပြည့်ရှိပါတယ်။
Katayoun Khosrowyar နည်းပြချုပ် အီရန် လက်ရွေးစင် အမျိုးသမီး ယူ-၁၉ အသင်း
ဒီပြိုင်ပွဲအတွက် ၆ လလောက် ကြိုတင် ပြင်ဆင်ခဲ့ပါတယ်။ ကျွန်မတို့ အုပ်စုက အသင်း ၃ သင်းပဲ ရှိတဲ့အတွက်
တစ်ခြားအုပ်စုတွေနဲ့ နှိုင်းယှဉ်ရင် အခွင့်အလမ် း ပိုနည်းပါတယ်။
ပြိုင်ဘက်အသင်း နှစ်သင်းစလုံးက တောင့်တင်းတဲ့ အသင်းတွေဖြစ်လို့ ကျွန်မတို့ အနေနဲ့ ခက်ခက်ခဲခဲ ယှဉ်ပြိုင်ရဖို့ ရှိပါတယ်။
ပွဲစဉ်တိုင်းက အရေးကြီး နေတဲ့အတွက် ပွဲတိုင်းက ပွဲကောင်းတွေ ဖြစ်လာမှာပါ။ နောက်တစ်ဆင့် တက်ရောက်နိုင်ဖို့ အကောင်းဆုံး ကြိုးစားသွားမှာပါ။
Vongmisay Souvouakham နည်းပြချုပ် ၊ လာအိုလက်ရွေးစင် အမျိုးသမီး ယူ-၁၉ အသင်း
ကျွန်တော်တို့ ဒီပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ အတွက် ၃ လလောက် ကြိုတင်ပြင်ဆင်ခဲ့ရပါတယ်။
လာအို အမျိုးသမီး ယူ-၁၉ အသင်းအနေနဲ့ အာရှဖလား ခြေစစ်ပွဲကို ပထမဆုံး အကြိမ် ဝင်ရောက်ယှဉ်ပြိုင်ခြင်း ဖြစ်တာကြောင့်
ဒီပြိုင်ပွဲကနေ အတွေ့အကြုံကောင်းတွေ ရယူနိုင်ဖို့ အဓိကထား ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲက ရရှိတဲ့ အတွေ့အကြုံကောင်းတွေနဲ့ လာအိုအမျိုးသမီး လက်ရွေးစင် အသင်းကြီးကို အကောင်းဆုံး ထောက်ပံ့နိုင်ဖို့ ရည်ရွယ်ပါတယ်