” မြန်မာ အမျိုးသမီး ယူ၁၉အသင်းအနေနဲ့ ခြေစစ်ပွဲပထမအဆင့်ကို ကျော်ဖြတ်နိုင်မယ်လို့ ယုံကြည်မှုအပြည့်ရှိပါတယ်။ “
October 23, 2018အိုလံပစ်ခြေစစ်ပွဲဝင် မြန်မာ့လက်ရွေးစင် အမျိုးသမီး အသင်းလူစာရင်း ထုတ်ပြန်
November 2, 2018မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် လက်အောက်ရှိ မြန်မာ့လက်ရွေးစင် အသင်းများဖြစ်ကြသည့် မြန်မာ ယူ၂၁အမျိုးသားအသင်း၊ မြန်မာ ယူ၁၆အမျိုးသားအသင်း၊ မြန်မာ့လက်ရွေးစင် ဖူဆယ်အမျိုးသားအသင်း၊ မြန်မာ့လက်ရွေးစင် ယူ၁၉ ဖူဆယ်အသင်း၊ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း၊ မြန်မာ့လက်ရွေးစင် ယူ၁၉ အမျိုးသမီးအသင်း၊ မြန်မာ့လက်ရွေးစင် ယူ၁၆ အမျိုးသမီးအသင်း တို့မှ အုပ်ချုပ်မှု နည်းပြအဖွဲ့ဝင်များနှင့် ကစားသမားများသည် ယနေ့ နိုဝင်ဘာလ ၁ရက်နေ့က မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော် အပါအဝင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် CEO၊ အထွေထွေအတွင်းရေးမှူး၊ တွဲဖက်အထွေထွေအတွင်းရေးမှူး တို့အပါအဝင် လက်ရွေးစင်အသင်း အသီးသီးမှာ နည်းပြချုပ် နှင့် အုပ်ချုပ်သူများကို ဂါရဝပြု ကန်တော့ခဲ့ကြသည်။
အဆိုပါ အခမ်းအနားတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်မှ ” မြန်မာ့လက်ရွေးစင် အသင်းများမှ ကစားသမားများကို ယခုထက်ပိုမို အားစိုက်ထုတ်ရန် လိုအပ်ကြောင်း၊ ဒေသတွင်းနိုင်ငံများမှ ဘောလုံးအဆင့်အတန်းမှာ အလျှင်အမြန်တိုးတက်လာသည့်အတွက် ကစားသမားများနှင့် အဖွဲ့ချုပ် တာဝန်ရှိသူများအနေဖြင့် ယခုထက်ပိုမို အလုပ်မလုပ်လျှင် မြန်မာဘောလုံး အနာဂတ်တွင် တိုးတက်ရန် ခက်ခဲကြောင်းပြောကြားခဲ့သည်။ ကစားသမားများ အနေဖြင့် မိမိတို့ ပုဂ္ဂလိက စွမ်းရည်တိုးတက်ရေးအတွက် အနေအထိုင် အစားအသောက်မှ စ၍ ဘောလုံးနည်းစနစ်များကို လေ့လာရန်လိုအပ်ကြောင်း ထပ်လောင်းပြောကြခဲ့သည်။ အသင်းအုပ်ချုပ် နည်းပြများအနေဖြင့်လည်း မိမိတို့၏ ပုဂ္ဂိုလ်ရေး ခံစားချက်များကို အသင်းတွင် မသက်ရောက်စေဘဲ နိုင်ငံနှင့် ဘောလုံးလောက အောင်မြင်ရေးအတွက် ကြိုးစားအားထုတ်စေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးဟောင်း ဦးဘန်နီတင်အောင် နှင့် နည်းစနစ်ဒါရိုက်တာ အဲရစ်တို့မှ လက်ရွေးစင်အသင်းများသို့ ဆုံးမစကား ပြောကြားခဲ့သည်။