
MFF – ANA FOOTBALL CLINIC ဖွင့်ပွဲအခမ်းအနား ကျင်းပ
November 10, 2018
ဆူဇူကီးဖလား ၂၀၁၈ လာအိုနှင့်မြန်မာပွဲစဉ် ပွဲကြိုသတင်းစာရှင်းလင်းပွဲမှ မြန်မာနည်းပြနှင့် ကစားသမားတို့၏ ပြောစကားများ
November 15, 2018၂၀၂၀ အိုလံပစ် အမျိုးသမီးဘောလုံးပြိုင်ပွဲ ပထမအဆင့်ခြေစစ်ပွဲ အုပ်(ဂ) အုပ်စု နောက်ဆုံးပွဲစဉ်များ ကို နိုဝင်ဘာ ၁၃ ရက်(ယနေ့)က ယှဉ်ပြိုင်ကစားခဲ့ပြီး အိမ်ရှင်မြန်မာအသင်းသည် အိန္ဒိယအသင်းအား ၂-၁ ဂိုးဖြင့် အနိုင်ရရှိကာ အုပ်စုပထမဖြင့် ခြေစစ်ပွဲ ဒုတိယအဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။
မြန်မာအသင်းအတွက် ဂိုးများကို ပွဲချိန် ၃ မိနစ်တွင် ဝင်းသိဂီၤထွန်း၊ ၈၂ မိနစ်တွင် ငယ်ငယ်ထွေးတို့က သွင်းယူပေးခဲ့ပြီး အိန္ဒိယအသင်း အတွက် ချေပဂိုးကို ပွဲချိန် ၂၃ မိနစ်တွင် ရာတန်ဘလာက သွင်းယူပေး ခဲ့သည်။
မြန်မာအသင်းသည် အုပ်စု သုံးပွဲ ကစားပြီးချိန်တွင် နှစ်ပွဲ နိုင်၊ တစ်ပွဲ သရေ ရှုံးပွဲမရှိ ရမှတ် ခုနစ်မှတ် ဖြင့် အုပ်စုပထမရရှိခဲ့ပြီး အုပ်စုဒုတိယရရှိခဲ့သည့် အိန္ဒိယအသင်းသည်လည်း ခြေစစ်ပွဲ ဒုတိယ အဆင့် သို့ တက်ရောက်နိုင်ခဲ့သည်။ အလားတူ နီပေါအသင်းသည် လည်း အကောင်းဆုံး အုပ်စုတတိယရရှိကာ ဒုတိယအဆင့်သို့ တက် ရောက်နိုင်ခဲ့သည်။