အိန္ဒိယအသင်းကို အနိုင်ယူကာ အုပ်စုပထမဖြင့် ဒုတိယအဆင့်သို့ တက်ရောက်ခဲ့သည့် မြန်မာအသင်း
November 13, 2018မြန်မာ – ဗီယက်နမ် ကြိုတင်လက်မှတ် ရောင်းချမည့် နေရာများနှင့် လက်မှတ် ခွဲတမ်းများ
November 16, 2018အိမ်ကွင်းမှာ ကစားခဲ့ရတဲ့ ပထမပိုင်းမှာတော့ ဖိအားတွေရှိခဲ့ပေမယ့် ဒုတိယပိုင်းမှာ အကောင်းဆုံး ကစားနိုင်ခဲ့ပြီး အနိုင် ၃ မှတ်ရရှိခဲ့ပါတယ်။ အခု ဒုတိယ ပွဲစဉ်ကတော့ ကျွန်တော်တို့အတွက် ပထမဆုံး အဝေးကွင်းပွဲလည်း ဖြစ်သလို ပထမပွဲနဲ့မတူဘဲ ကွာခြားပါတယ်။ ပြိုင်ပွဲကာလမှာတော့ ကျွန်တော်တို့ ခက်ခဲမယ် ဆိုတာသိပါတယ်။ ဒါပေမဲ့လည်း မနက်ဖြန်မှာတော့ မြန်မာအသင်းအတွက် ရလဒ်ကောင်းမယ်လို့ မျှော်လင့်ထားပါတယ်။ ကမ္ဘောဒီးယားနဲ့ပွဲမှာ ကစားသမား ၃ ဦးနဲ့ ဂိုးတွေရထားခဲ့တယ်။ ကစားသမားတွေ အားလုံးက လက်ရှိအချိန်မှာ စိတ်ဓာတ်အမြင့်ဆုံး ဖြစ်နေသလို ဘာပြသနာမှာလည်း မရှိပါဘူး။ မနက်ဖြန်ပွဲမှာ အောင်သူ ပွဲထွက်မယ် မထွက်ဘူး ဆိုတာကတော့ ကျွန်တော့်အနေနဲ့ အခုချိန်မှာ မပြောနိုင်သေးဘူး။ အသင်း အစည်းအဝေးတွေလည်း မလုပ်ရသေးသလို ပြင်ဆင်စရာ ရှိတာတွေလည်း ပြင်ဆင်ရဦးမယ်။
အန်တွမ်နီဟေး (နည်းပြချုပ်၊ မြန်မာ့လက်ရွေးစင် အသင်း)
ကျွန်တော်တို့ အကောင်းဆုံးရလဒ် ရရှိဖို့ ကြိုးစားနေကြပါတယ်။ အသင်းအတွက် ဒုတိယမြောက် အနိုင်(၃)မှတ် ယူဖို့အတွက်ပဲ ဒီကိုလာတာပါ။ လာအိုအသင်းက အရင်ကထက် ပိုပြီးတိုးတက်လာတယ် ဆိုတာအားလုံး သိကြပါတယ်။ ပွဲကတော့ ခက်ခဲမယ်။ ကျွန်တော်တို့ ကြိုးစားပြီး အနိုင်ရလဒ် ယူဆောင်သွားမှာပါ။
မောင်မောင်စိုး (ကွင်းလယ်လူ၊ မြန်မာ့လက်ရွေးစင် အသင်း)