
မြန်မာ – ဗီယက်နမ် ကြိုတင်လက်မှတ် ရောင်းချမည့် နေရာများနှင့် လက်မှတ် ခွဲတမ်းများ
November 16, 2018
Tickets for Away Fans will be sold at Myanmar Football Federation Office
November 17, 2018မြန်မာ့ လက်ရွေးစင် အသင်းသည် ဆူဇူကီးဖလား အုပ်စု ဒုတိယ ပွဲစဉ်အဖြစ် ယနေ့ ဒေသစံတော်ချိန် ည(ရး၃၀)နာရီက လာအို လက်ရွေးစင် အသင်းနှင့် ဗီယန်ကျင်းမြို့တွင် ယှဉ်ပြိုင် ကစားခဲ့ရာ (၁-၃)ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ၂ ပွဲကစား ရမှတ် (၆)မှတ်ဖြင့် ဗီယက်နမ် အသင်းထက် သွင်းဂိုး အသာရကာ အမှတ်ပေးဇယားကို ဦးဆောင် ထားနိုင်ခဲ့သည်။
ယနေ့ပွဲစဉ်တွင် လာအို အသင်းက ၁၃ မိနစ်မှာပင် အဖွင့်ဂိုး ရရှိခဲ့သော်လည်း ပထမပိုင်း ပြီးကာနီး ၄၅ မိနစ်တွင် အောင်သူက ပြန်လည်ချေပခဲ့သဖြင့် (၁-၁)ဂိုး
သရေ ကျနေခဲ့သည်။ ဒုတိယပိုင်းတွင် ဇင်မင်းထွန်း လုယူပေးသော ဘောလုံးကို ထက်ဖြိုးဝေက အားပါသော ကန်ချက်ဖြင့် မြန်မာအတွက် အနိုင်ဂိုး ရရှိစေခဲ့သည်။
တတိယမြောက် အနိုင်ဂိုးကို မောင်မောင်လွင် ဘယ်တောင်ပံမှ သိန်းသန်းဝင်း အကောင်းဆုံး ဖြတ်တင်ပေးပို့မှုကို ၆ ကိုက်စည်းအတွင်း အသာအယာ ပိတ်ယူကာ
မြန်မာအသင်းအတွက် အနိုင်(၃)မှတ်ကို သေချာစေခဲ့ခြင်း ဖြစ်သည်။
ပွဲအပြီးတွင် နည်းပြချုပ် အန်တွမ်နီဟေးကဒီနေ့ နိုင်ပွဲအတွက် ကျေနပ်ပါတယ်။ ပထမပိုင်း မိနစ်(၃၀)ကနေ နည်းဗျူဟာ အနည်းငယ် အပြောင်းအလဲ ပြုလုပ်ပြီး ဂိုးတွေလည်း ရလာခဲ့တယ်။ ဘယ်တောင်ပံကနေရော ညာတောင်ပံကနေပါ တောက်လျှောက် ဖိအားပေးနိုင်ခဲ့ပါတယ်။ တတိယ ဂိုးဟာ ဘယ်အခြမ်းကနေ တိုက်စစ်ဆင်ပြီး ရသွားခဲ့တာပါ။ ဒုတိယပိုင်းမှှာ အသင်းက ပိုကောင်းလာတယ်။ ဒါပေမဲ့ ပထမပိုင်းမှာလည်း ဂိုးတွေပိုရပြီး ပွဲချိန်အပြည့် အကောင်းဆုံး ကစားနိုင်ဖို့ ကျွန်တော်တို့ ကြိုးစားသွားမှာပါ။ ရန်ကုန်မှာ ကစားမယ့် ဗီယက်နမ်နဲ့ပွဲစဉ်ကတော့ ပရိသတ် ကွင်းအပြည့်နဲ့ အားပေးကြမှာ ဖြစ်တဲ့အတွက် ကျွန်တော်တို့ အားအင်အပြည့် အကောင်း ဆုံး ကစားနိုင်မှာပါ။ ပရိသတ်တွေ အားပေးမှုနဲ့အတူဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်မယ်လို့ ယုံကြည်ထားပါတယ်။” ဟုပြောကြားခဲ့သည်။
ယနေ့ပွဲတွင် အကောင်းဆုံး ကစားသမားဆုကို ဒေးဗစ်ထန်က ရရှိသွားခဲ့ပြီ ယင်းဆုမှာ ကစားသမား သက်တမ်းတလျောက် နိုင်ငံတကာပွဲတွင် အကောင်းဆုံးဆု ရရှိခဲ့ခြင်းဖြစ်သည်။
” ဒါက ကစားသမား ဘဝမှာ လက်ရွေးစင် အသင်းနဲ့အတူ အကောင်းဆုံးဆု ပထမဆုံး ရရှိခဲ့ခြင်းပါ။ အရမ်းပဲ ဝမ်းသာပါတယ်။ ဒီဆုက အသင်းဖော်တွေနဲ့ နည်းပြအဖွဲ့အတူပံံ့ပိုးပေးလို့ ရခဲ့ခြင်းပါ။ လာမယ့် ပွဲတွေမှာလည်း ကျွန်တော် အကောင်းဆုံး ဆက်လက်ကြိုးစားသွားပါမယ်” ဟု ဒေးဗစ်က ပြောသည်။