MFF 100PLUS CUP ပြည်နယ်နှင့်တိုင်းဒေသကြီး ယူ-၁၄ အမျိုးသား ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ အခမ်းအနား ကျင်းပ
November 17, 2018မြန်မာ – ဗီယက်နမ် နှစ်ဖက်နည်းပြများ၏ ပွဲပြီး ပြောစကားများ
November 20, 2018အာရှဘောလုံးအဖွဲ့ချုပ်နှင့်မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) တို့မှ ပူးပေါင်းဖွင့်လှစ်သော AFC “B” Coaching Certificate Course 2018 သင်တန်းဆင်းပွဲ အခမ်းအနားကို နိုဝင်ဘာလ ၁၈ ရက် နံနက် ၁၁း၀၀ နာရီ အချိန်က မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အစည်းအဝေး ခန်းမတွင် ကျင်းပခဲ့သည်။
ထိုအခမ်းအနားသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် တွဲဖက် အထွေထွေ အတွင်းရေးမှူး (နည်းစနစ်) ဦးတင်မြင့်အောင်၊ MFF နည်းစနစ်ဒါရိုက်တာ Mr. Eric Abrams နှင့် သင်တန်းနည်းပြဖြစ်သူ ကမ္ဘာဒီးယား နိုင်ငံသား Mr. Prak Sovsnnara၊ MFF မှတာဝန်ရှိသူများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
ယင်းအခမ်းအနားတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် တွဲဖက် အထွေထွေ အတွင်းရေးမှူး (နည်းစနစ်) ဦးတင်မြင့်အောင်က “နည်းပြကောင်းတွေကသာ ကစားသမားကောင်းတွေကို မွေးထုတ်ပေးမှာပါ။ ဒါ့ကြောင့် ဒီသင်တန်းကဆင်းသွားတဲ့ နည်းပြတွေ ဆရာတွေ အနေနဲ့ ဒီလက်မှတ်နဲ့ တင်ရပ်မနေကြပဲ သင်ယူဆရာတွေကို ဆက်လက်သင်ယူပြီး အကောင်းဆုံး ပြန်လည် သင်ကြားပေးကြပါ” ဟု သင်တန်းဆင်း အဖွင့်အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
ထိုနောက် MFF နည်းစနစ်ဒါရိုက်တာ Mr. Eric Abrams နှင့် သင်တန်းနည်းပြဖြစ်သူ ကမ္ဘာဒီးယား နိုင်ငံသား Mr. Prak Sovsnnara တို့ကလည်း အသီးသီး သင်တန်းဆင်း အမှာစကား ပြောကြားခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများကို သင်တန်း ဆင်းလက်မှတ်များ ချီးမြှင့်ပေးခဲ့သည်။