လူငယ်မျိုးဆက်သစ် ဖူဆယ်ဒိုင်လူကြီးသင်တန်း ၂၀၁၈၊ သင်တန်းဆင်းပွဲ ကျင်းပ
December 4, 2018MFF လူငယ်ပြုစုပျိုးထောင်ရေး စီမံကိန်းတွင် ပါဝင်ခွင့်ရမည့် ယူ၁၄ တိုင်းဒေသကြီးနှင့်ပြည်နယ် ပြိုင်ပွဲမှ ကစားသမားများစာရင်း
December 5, 2018တတိယ အကြိမ်မြောက် အမျိုးသမီးလိဂ် ပြိုင်ပွဲဖြစ်သည့် MFF Women’s League 2018-19 ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာ ၄ ရက်၊ နေ့လယ်၂း၃၀ မှစတင်ကာ အောင်ဆန်းကွင်းတွင် ဖျော်ဖြေရေး အစီအစဉ်များဖြင့် ကျင်းပခဲ့သည်။ ဖျော်ဖြေရေးအစီအစဉ်များကို နိုင်ငံကျော်တေးသံရှင်များဖြစ်ကြသည့်မြန်မာပြည်သိန်းတန်၊ ချမ်းချမ်း၊ ချစ်သုဝေ၊ ဟဲလေး၊ ဇွဲပြည့်၊ မိုင်းမိုင်ဆိုင်း တို့မှ တေးသီချင်းများဖြင့် ဖျော်ဖြေပေးခဲ့သည်။
ဖွင့်ပွဲအခမ်းအနားကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အမှုဆောင်အဖွဲ့ဝင် နှင့် အမျိုးသမီးလိဂ် ကော်မတီ ဥက္ကဋ္ဌ ဦးလှဌေး၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အမှုဆောင်အဖွဲ့ဝင် ဦးမိုးဆန်းအောင်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အမှုဆောင်အဖွဲ့ဝင် ဒေါ်မြတ်မြတ်ဦး၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အမှုဆောင် အရာရှိချုပ် ဦးဘုန်းနိုင်ဇော်၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်း တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်မြင့်အောင်၊ မြန်မာ နေရှင်နယ်လိဂ် အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် နည်းစနစ်ဒါရိုက်တာ မစ္စတာ အဲရစ်၊ အမျိုးသမီးဘောလုံးကော်မတီအဖွဲ့ဝင်များ နှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များတက်ရောက်ခဲ့ကြသည်။
MFF Women’s League 2018-19 ပြိုင်ပွဲ ဖွင့်ပွဲကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်၊ အမျိုးသမီးလိဂ် ကော်မတီ ဥက္ကဋ္ဌ ဦးလှဌေးနှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အမှုဆောင် အဖွဲ့ဝင် ဦးမိုးဆန်းအောင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးခဲ့သည်။
ယင်းနောက် MFF Women’s League 2018-19 ပြိုင်ပွဲ အဖွင့်ပွဲစဉ်အဖြစ် Gandamar FC အသင်းနှင့် Sport & Education FC အသင်းတို့ ယှဉ်ပြိုင် ကစားကြရာ Sport & Education FC အသင်းက Gandamar FC အသင်းကို ၂-၀ ဂိုးဖြင့် အနိုင်ရခဲ့သည်။