MFF Women’s League 2018-19 Week-2 အဖွင့်ပွဲတွင် Sport & Education အသင်းအနိုင်ရ
December 11, 2018ဒိုင်လူကြီးမွမ်းမံသင်တန်း ၁/၂၀၁၈ ဖွင့်လှစ်
December 12, 2018မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်အနေဖြင့် ပြည်တွင်းအမှတ်ပေးပြိုင်ပွဲ ပိုမိုအားကောင်းလာစေရန်နှင့် မြန်မာ့ဘောလုံးလောက ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဖက်ဖက်မှ ကြိုးပမ်းလျက်ရှိရာ လာမည့်ရာသီအတွင်း တိုးမြှင့်လုပ်ဆောင်သွားမည့် Educational Workshop များထဲမှ တစ်ခုဖြစ်သည့် MFF/MNL Coaching & Technical Workshop for 2019 Season ကို ယနေ့ နေ့လည်ပိုင်းက မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
နေ့လည် ၁ နာရီမှ ညနေ ၆ နာရီအထိ ပြုလုပ်ခဲ့သည့် အဆိုပါ Workshop သို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်း၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်မြင့်အောင်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အမှုဆောင်အဖွဲ့ဝင်နှင့် အမျိုးသမီးလိဂ်ပြိုင်ပွဲကျင်းပရေးကော်မတီဒုတိယဥက္ကဋ္ဌဒေါ်မြတ်မြတ်ဦး၊ မြန်မာနေရှင်နယ်လိဂ် အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်၊ မြန်မာနေရှင်နယ်လိဂ် COO ဦးဆူးအောင်၊ နည်းစနစ်ဒါရိုက်တာ မစ္စတာအဲရစ်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနေရှင်နယ်လိဂ်မှ တာဝန်ရှိသူများ၊ မြန်မာနေရှင်နယ်လိဂ် ၁၊ ၂ အသင်းများနှင့် လူငယ်လိဂ်အသင်းများမှ အမှုဆောင်အရာရှိချုပ်များ၊ အသင်းမန်နေဂျာများ၊ နည်းပြချုပ်များနှင့် စာနယ်ဇင်းမီဒီယာများ တက်ရောက်ခဲ့ကြသည်။
ရှေ့ဦးစွာ မြန်မာနေရှင်နယ်လိဂ် အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်က အခမ်းအနားပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီးနောက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် နည်းစနစ်ဒါရိုက်တာ မစ္စတာအဲရစ်မှ ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားသည်။
ဆက်လက်ပြီး နည်းစနစ်ဒါရိုက်တာ မစ္စတာအဲရစ်နှင့် တွဲဖက် အထွေထွေအတွင်းရေးမှူး ဦးတင်မြင့်အောင်တို့က ပြီးခဲ့သည့် ၂၀၁၄ ဘရာဇီးကမ္ဘာ့ဖလား၊ ၂၀၁၈ ရုရှားကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် အာရှကိုယ်စားပြုအသင်းများ၏ အားနည်းချက်/အားသာချက်များအား ပရော်ဂျက်တာဖြင့် ရှင်းလင်းသုံးသပ်ပြခြင်းနှင့် ပြီးခဲ့သည့် ၂၀၁၈ ဆူဇူကီးဖလားပြိုင်ပွဲဝင် မြန်မာ့လက်ရွေးစင်အသင်း၏ အုပ်စုတွင်းပွဲစဉ်များအား ပြန်လည် ဆွေးနွေးသုံးသပ်ခြင်းများ ပြုလုပ်ခဲ့သည်။
ထိုသို့ ရှင်းလင်းမှု အပြီးတွင် Group Discussion Session (အုပ်စုလိုက်ဆွေးနွေးခြင်း) အစီအစဉ်ကို ဆက်လက်ပြုလုပ်ရာ အသင်းအုပ်ချုပ်သူများ၊ နည်းပြများနှင့် တက်ရောက်လာသည့် တာဝန်ရှိသူများမှ စိတ်ရော ကိုယ်ပါ ပါဝင်ဆွေးနွေးခဲ့ကြသည်ကို တွေ့ရသည်။
Group Discussion Session အပြီးတွင် တက်ရောက်လာသူများမှ သိလိုသည်များအား မေးမြန်းခဲ့ပြီး တာဝန်ရှိသူများမှ ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကာပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းမှ နိဂုံးချုပ်အမှာစကားပြောကြား၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
အထက်ပါ အစီအစဉ်အား ပြည်တွင်း အမှတ်ပေးပြိုင်ပွဲကြီး တိုးတက်ကောင်းမွန်ပြီး ထိုမှတစ်ဆင့် နိုင်ငံလက်ရွေးစင်အသင်းအား အထောက်အကူပြုစေရန် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ကာ ၁ နှစ်လျင် သုံးကြိမ်ခန့် ပြုလုပ်သွားရန် စီစဉ်ထားကြောင်း သိရသည်။