Grandamar အသင်းကို Myawady အသင်း ဂိုးပြတ် အနိုင်ရ
December 12, 2018MFF Women’s League 2018-19 Week-2 တတိယမြောက်ပွဲစဉ်တွင် ISPE အသင်း ၁၇ ဂိုးပြတ်အနိုင် ရရှိ
December 13, 2018မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်(MFF)နှင့် မြန်မာ့ လက်ရွေးစင်အသင်း နည်းပြချုပ် အန်တွမ်နီဟေးတို့သည် ယနေ့မနက်ပိုင်းမှ စတင်၍ နှစ်ဖက်သဘောတူ စာချုပ်ဖျက်သိမ်းလိုက်ပြီ ဖြစ်သည်။ MFF နှင့် ဂျာမနီ နည်းပြ အန်တွမ်နီဟေး၊ လက်ထောက်နည်းပြ ခီမေးလ် ဟာလတ်၊ ဂိုးနည်းပြ ကာစတန် မာတင် ဟာဇော့ တို့သည် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် မေလ ၁၆ ရက်နေ့က တစ်နှစ်ခွဲကြာ စာချူပ်သက်တမ်း ချုပ်ဆိုခဲ့ကြပြီး မြန်မာ့လက်ရွေးစင် အသင်းအား ၂၀၁၈ အာဆီယံ ချန်ပီယံရှစ် (ဆူဇူကီးဖလား) ပြိုင်ပွဲတွင်လည်းကောင်း၊ မြန်မာ ယူ၂၃ အိုလံပစ် အသင်းအား အာရှအားကစား ပွဲတော်တွင်လည်းကောင်း အောင်မြင်မှုများ ရရှိရန် အတူတကွ ကြိုးစားခဲ့ကြသည်။သို့သော် ပြီးခဲ့သည့် ၂၀၁၈ ဆူဇူကီးဖလား ပြိုင်ပွဲတွင် မြန်မာအသင်း အုပ်စုမှထွက်ခဲ့ရခြင်း အတွက် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် နည်းစနစ်ကော်မတီမှ အပြန်အလှန် သုံးသပ်မှုများ ပြုလုပ်ကာ မြန်မာ့လက်ရွေးစင် အသင်းနည်းပြချုပ် အန်တွမ်နီဟေးနှင့် လမ်းခွဲရန်အတွက် ဆုံးဖြတ်လိုက်ရခြင်း ဖြစ်သည်။
” ကျွန်တော့် အနေနဲ့ ကျွန်တော့်အသင်း၊ ကျွန်တော်တို့ ကစားသမားတွေ၊ အသင်းတာဝန်ရှိသူတွေနဲ့ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချူပ် မိသားစုဝင်တွေ အားလုံးကို ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။ အားလုံးနဲ့ အတူတကွ လက်တွဲ လုပ်ကိုင်ခဲ့ရာတာ ဂုဏ်ယူစရာနဲ့ အခွင့်အရေး တစ်ရပ်လည်း ဖြစ်ခဲ့ပါတယ်။ အနာဂတ်မှာ အားလုံးပဲ လိုချင်တဲ့ အောင်မြင်မှုကို ထိရောက်စွာ ရရှိနိုင်ပါစေလို့ ကျွန်တော် အကောင်းဆုံး ဆန္ဒပြုပါတယ်။ အထူးကျေးဇူးတင်ရမှာကတော့ ကျွန်တော်တို့ရဲ့ မြန်မာ့ဘောလုံး ပရိသတ်ကိုပါ။ တကယ့်ကို အံ့သြချီးမွမ်းဖွယ်ရာ ကောင်းတဲ့ပရိသတ်တွေပါပဲ။” ဟု အန်တွမ်နီဟေးက နှုတ်ဆက်စကား ဆိုခဲ့သည်။
နည်းပြချူပ်အား စာချူပ်ဖျက်သိမ်းခြင်းနှင့် စပ်လျဉ်း၍ MFF နည်းစနစ် ကော်မတီက ” မြန်မာ့ လက်ရွေးစင် အသင်း ဆူဇူကီးဖလား ပြိုင်ပွဲအုပ်စုမှ ထွက်ခဲ့ရခြင်းမှာ နည်းပြချူပ် တစ်ဦးတည်း အပေါ်တွင်သာ တာဝန်ရှိခြင်း မဟုတ်ကြောင်း၊ MFF နည်းစနစ်ကော်မတီ အနေဖြင့် ဘက်ပေါင်းစုံ စနစ်တကျ အပြန်အလှန် သုံးသပ်ခဲ့ကြောင်း၊ MFF နှင့် နည်းပြချူပ်တို့ စာချူပ် ချူပ်ဆိုရာတွင် အဓိက ဦးတည်ချက်ဖြစ်သည့် အာဆီယံ ချန်ပီယံရှစ်(ဆူဇူကီးဖလား) အောင်မြင်မှုရရှိရေး သည်သာ စာချူပ်၏ အဓိကအချက် ဖြစ်သည့်အတွက် ယခုကဲ့သို့ လမ်းခွဲရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း၊ နည်းပြချူပ်တွင်သာ အပြည့်အ၀ တာဝန်ရှိခြင်း မဟုတ်ဘဲ ကစားသမားများ အပါအဝင် ဘက်ပေါင်းစုံမှ အားနည်းမှုများ ကြောင့်သာ အောင်မြင်မှုနှင့် ဝေးကွာရခြင်း ဖြစ်ကြောင်း၊ အဖွဲ့ချူပ်နှင့် ကဏ္ဍအသီးသီး အားနည်းမှု၊ မြန်မာ့ ဘောလုံး၏ အခြေခံ လိုအပ်ချက်များ ဖြစ်သည့် ကစားကွင်း Facilities များ ကောင်းမွန်ခြင်း လုံလောက်ခြင်း မရှိမှု၊ လူငယ်ပြိုင်ပွဲများ ကျင်းပနေသော်လည်း လုံလောက်ခြင်း မရှိသေးမှု၊ မျိုးဆက်သစ်များ စဉ်ဆက်မပြတ် ပေါ်ထွက်နေရေးနှင့် လူငယ်ပြိုင်ပွဲများ အဆင့်အတန်းမြင့်မြင့် ကျင်းပနိုင်ခြင်း မရှိသေးမှု၊ အခြေခံ အဆောက်အဦနှင့် သက်ဆိုင်ရာ နေရာအသီးသီးတွင် ပံ့ပိုးကူညီမှုများ နည်းပါးမှု၊ နိုင်ငံတကာနှင့် ယှဉ်မည်ဆိုပါက အဘက်ဘက်မှ နိမ့်ကျနေမှု အစရှိသဖြင့် အခြေခံ ဘက်ပေါင်းစုံ အားနည်းနေမှုများနှင့်လည်း သက်ဆိုင်ကြောင်း နည်းစနစ်ကော်မတီက သုံးသပ်ခဲ့သည်။
MFF part way with National Team Head coach Antonie Hey by mutual agreement
Myanmar Football Federation (MFF) has terminated National Team Head Coach Antoine Hey’s contract by mutual agreement today at MFF office.
Over the past seven monthes he has helped the Myanmar National Team (Asian Lions) to evolve as a team, and tried to get success in the group matches of 2018 AFF Suzuki Cup and Asian Games Football tournament.
However, Myanmar National Team failed to reach the semi-final target of 2018 AFF Suzuki Cup.
Members of the MFF Technical Committee gathered for a session on Wednesday and after considerations, announced that MFF should terminate the contract of National Team Head Coach but Technical Committee agreed that he is not the only responsible person for failure in 2018 AFF Suzuki Cup. We need to consider the lack of various resources such as the standard of stadium and play grounds, players, financial assistants, youth competitions and other developments.
” I would like to thank my Team, our Players, Officials and members of the Myanmar Football Federation. It was an honor and privilege to work with you. My best wishes for the future for you all, may all your targets be achieved one day. A special thanks to our supporters,you have been fantastic!” said Antoine Hey.
” I would like to thank my Team, our Players, Officials and members of the Myanmar Football Federation. It was an honor and privilege to work with you. My best wishes for the future for you all, may all your targets be achieved one day. A special thanks to our supporters,you have been fantastic!” said Antoine Hey.
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နှင့် လက်ရွေးစင်အသင်း နည်းပြ အန်တွမ်နီဟေးတို့ နှစ်ဖက် သဘောတူလမ်းခွဲ
======================================================
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်(MFF)နှင့် မြန်မာ့ လက်ရွေးစင်အသင်း နည်းပြချုပ် အန်တွမ်နီဟေးတို့သည် ယနေ့မနက်ပိုင်းမှ စတင်၍ နှစ်ဖက်သဘောတူ စာချုပ်ဖျက်သိမ်းလိုက်ပြီ ဖြစ်သည်။ MFF နှင့် ဂျာမနီ နည်းပြ အန်တွမ်နီဟေး၊ လက်ထောက်နည်းပြ ခီမေးလ် ဟာလတ်၊ ဂိုးနည်းပြ ကာစတန် မာတင် ဟာဇော့ တို့သည် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် မေလ ၁၆ ရက်နေ့က တစ်နှစ်ခွဲကြာ စာချူပ်သက်တမ်း ချုပ်ဆိုခဲ့ကြပြီး မြန်မာ့လက်ရွေးစင် အသင်းအား ၂၀၁၈ အာဆီယံ ချန်ပီယံရှစ် (ဆူဇူကီးဖလား) ပြိုင်ပွဲတွင်လည်းကောင်း၊ မြန်မာ ယူ၂၃ အိုလံပစ် အသင်းအား အာရှအားကစား ပွဲတော်တွင်လည်းကောင်း အောင်မြင်မှုများ ရရှိရန် အတူတကွ ကြိုးစားခဲ့ကြသည်။
သို့သော် ပြီးခဲ့သည့် ၂၀၁၈ ဆူဇူကီးဖလား ပြိုင်ပွဲတွင် မြန်မာအသင်း အုပ်စုမှထွက်ခဲ့ရခြင်း အတွက် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် နည်းစနစ်ကော်မတီမှ အပြန်အလှန် သုံးသပ်မှုများ ပြုလုပ်ကာ မြန်မာ့လက်ရွေးစင် အသင်းနည်းပြချုပ် အန်တွမ်နီဟေးနှင့် လမ်းခွဲရန်အတွက် ဆုံးဖြတ်လိုက်ရခြင်း ဖြစ်သည်။
” နည်းပြဘဝနဲ့ မြန်မာ့လက်ရွေးစင် အသင်းကို တာဝန်ယူခဲ့တဲ့ ကာလတလျှောက်မှာ အဓိက အားပေးခဲ့ကြတဲ့ မြန်မာ့ ဘောလုံးချစ် ပရိသတ်များ အားလုံးကို အထူးပဲ ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့နဲ့အတူ လက်တွဲဆောင်ရွက်ခဲ့ကြတဲ့ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်နှင့် မြန်မာ့ လက်ရွေးစင် အသင်းသားများ အားလုံးကိုလည်း ဒီနေရာကနေ ကျေးဇူးတင်ပါတယ်၊ အစစအရာရာ ပံ့ပိုးဆောင်ရွက်ပေးခဲ့မှုတွေ အတွက် ကျွန်တော်တို့ လုံးဝ မမေ့ပါဘူး။ အနာဂတ်မှာ မြန်မာ့ ဘောလုံးလောက တိုးတက် အောင်မြင်ဖို့ ကျွန်တော် ဆုတောင်းပါတယ်။ မြန်မာ့လက်ရွေးစင် အသင်းရဲ့ လာမယ့် ပြိုင်ပွဲအသီးသီးမှာလည်း အနိုင်ရအောင်မြင်ပါစေလို့ ဆန္ဒပြုပါတယ်။” ဟု အန်တွမ်နီဟေးက နှုတ်ဆက်စကား ပြောကြားခဲ့သည်။
နည်းပြချူပ်အား စာချူပ်ဖျက်သိမ်းခြင်းနှင့် စပ်လျဉ်း၍ MFF နည်းစနစ် ကော်မတီက ” မြန်မာ့ လက်ရွေးစင် အသင်း ဆူဇူကီးဖလား ပြိုင်ပွဲအုပ်စုမှ ထွက်ခဲ့ရခြင်းမှာ နည်းပြချူပ် တစ်ဦးတည်း အပေါ်တွင်သာ တာဝန်ရှိခြင်း မဟုတ်ကြောင်း၊ MFF နည်းစနစ်ကော်မတီ အနေဖြင့် ဘက်ပေါင်းစုံ စနစ်တကျ အပြန်အလှန် သုံးသပ်ခဲ့ကြောင်း၊ MFF နှင့် နည်းပြချူပ်တို့ စာချူပ် ချူပ်ဆိုရာတွင် အဓိက ဦးတည်ချက်ဖြစ်သည့် အာဆီယံ ချန်ပီယံရှစ်(ဆူဇူကီးဖလား) အောင်မြင်မှုရရှိရေး သည်သာ စာချူပ်၏ အဓိကအချက် ဖြစ်သည့်အတွက် ယခုကဲ့သို့ လမ်းခွဲရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း၊ နည်းပြချူပ်တွင်သာ အပြည့်အဝ တာဝန်ရှိခြင်း မဟုတ်ဘဲ ကစားသမားများ အပါအဝင် ဘက်ပေါင်းစုံမှ အားနည်းမှုများ ကြောင့်သာ အောင်မြင်မှုနှင့် ဝေးကွာရခြင်း ဖြစ်ကြောင်း၊ အဖွဲ့ချူပ်နှင့် ကဏ္ဍအသီးသီး အားနည်းမှု၊ မြန်မာ့ ဘောလုံး၏ အခြေခံ လိုအပ်ချက်များ ဖြစ်သည့် ကစားကွင်း Facilities များ ကောင်းမွန်ခြင်း လုံလောက်ခြင်း မရှိမှု၊ လူငယ်ပြိုင်ပွဲများ ကျင်းပနေသော်လည်း လုံလောက်ခြင်း မရှိသေးမှု၊ မျိုးဆက်သစ်များ စဉ်ဆက်မပြတ် ပေါ်ထွက်နေရေးနှင့် လူငယ်ပြိုင်ပွဲများ အဆင့်အတန်းမြင့်မြင့် ကျင်းပနိုင်ခြင်း မရှိသေးမှု၊ အခြေခံ အဆောက်အဦနှင့် သက်ဆိုင်ရာ နေရာအသီးသီးတွင် ပံ့ပိုးကူညီမှုများ နည်းပါးမှု၊ နိုင်ငံတကာနှင့် ယှဉ်မည်ဆိုပါက အဘက်ဘက်မှ နိမ့်ကျနေမှု အစရှိသဖြင့် အခြေခံ ဘက်ပေါင်းစုံ အားနည်းနေမှုများနှင့်လည်း သက်ဆိုင်ကြောင်း နည်းစနစ်ကော်မတီက သုံးသပ်ခဲ့သည်။
နည်းပြချူပ် အန်တွမ်နီဟေး လက်ထက် မြန်မာ့လက်ရွေးစင် ယူ၂၃ အသင်း၏ ရလဒ်များ
မြန်မာ (၃-၄) တောင်ကိုရီးယား (Alpine Cup 2018)
မြန်မာ (၁-၁) ဘာရိန်း (Alpine Cup 2018)
မြန်မာ (၂-၁) ထိုင်း (Alpine Cup 2018)
မြန်မာ (၁-၁) မြောက်ကိုရီးယား (Asian Games 2018)
မြန်မာ (၀-၃) ဆော်ဒီအာရေဗျ (Asian Games 2018)
မြန်မာ (၂-၀) အီရန် (Asian Games 2018)
နည်းပြချူပ် အန်တွမ်နီဟေး လက်ထက် မြန်မာ့လက်ရွေးစင် အသင်း၏ ရလဒ်များ
မြန်မာ (၀-၁) တရုတ် (International Friendly Match)
မြန်မာ (၀-၃) အင်ဒိုနီးရှား (International Friendly Match)
မြန်မာ (၀-၃) ဘိုလီဗီးယား (International Friendly Match)
မြန်မာ (၁-၄) ဘာရိန်း (International Friendly Match)
မြန်မာ (၄-၁) ကမ္ဘောဒီးယား (AFF Suzuki Cup 2018)
မြန်မာ (၃-၁) လာအို (AFF Suzuki Cup 2018)
မြန်မာ (၀-၀) ဗီယက်နမ် (AFF Suzuki Cup 2018)
မြန်မာ (၀-၃) မလေးရှား (AFF Suzuki Cup 2018)