
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နှင့် လက်ရွေးစင်အသင်း နည်းပြ အန်တွမ်နီဟေးတို့ နှစ်ဖက် သဘောတူ စာချူပ်ဖျက်သိမ်း
December 13, 2018
MFF U-12 Boys’ States & Regions Tournament 2018 ဗိုလ်လုပွဲနှင့် ဆုပေးပွဲ ကျင်းပမည်
December 14, 2018MFF Women’s League 2018-19 Week-2 ရဲ့ တတိယ မြောက်ပွဲစဉ် အဖြစ် ယှဉ်ပြိုင် ကစားခဲ့သည့် University အသင်းနှင့်် ISPE အသင်းတို့၏ ပွဲစဉ်တွင် ISPE အသင်းက ၁၇-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
ISPE အသင်းသည် University အသင်းကို ပွဲစသည်နှင့် ဖိအားပေး ကစားခဲ့ပြီး တိုက်စစ်ဆင်ကစားခဲ့ပြီး ပထမပိုင်းတွင် ခင်မာလာထွန်း၊ ခိုင်သဇင်ဦး၊ ရီရီဦး၊ မေဖူးကို၊ သင်းသင်းယု တို့၏ သွင်းဂိုးများဖြင့် ISPE အသင်းက ၅-၀ ဂိုးဖြင့် အနိုင် ရရှိ နေခဲ့သည်။
ဒုတိယပိုင်း တွင်လည်း ISPE အသင်းကသာ ဆက်လက်ဖိအားပေး ကစားခဲ့ပြီး ခင်မာလာထွန်း၊ ရီရီဦး၊ နှင်းကလျာကို၊ သင်းသင်းယု၊ နုနု၊ ခိုင်သဇင်ဦးတို့က ဂိုးများ ထပ်မံသွင်းယူခဲ့ပြီး ပွဲအပြီးတွင် ၁၇-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။