နော်အားလိုဝါးဖော၊ ခင်မိုးဝေတို့၏ သွင်းဂိုးများဖြင့် နိုင်ပွဲဆက်ခဲ့တဲ့ သစ္စာအားမာန် FC
December 14, 2018MFF Women’s League 2018-19 (Week-3) ပထမဆုံးပွဲတွင် ISPE နှင့် Thitsar Arman တို့ သရေကျ
December 18, 2018ဗီယက်နမ် သတင်းစာဖလား ဖိတ်ခေါ်ပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်နေသည့် မြန်မာယူ-၂၁ အသင်းသည် အဖွင့်ပွဲတွင် အိမ်ရှင်ကို ၅-၂ ဂိုး၊ ဒုတိယပွဲတွင် ကိုရီးယားကလပ် GIMHAE အသင်းကို ၁-၀ ဂိုးဖြင့် ရှုံးခဲ့သော်လည်း နောက်ဆုံးပွဲ၌ မလေးရှားကို ၃-၀ ဂိုးနဲ့ အနိုင်ရပြီး ဗိုလ်လုပွဲသို့ တက်ရောက် နိုင်ခဲ့သည်။
မလေးရှားကို ၃-၀ ဂိုးဖြင့် အနိုင်ရသည့်ပွဲတွင် မြန်မာအသင်းအတွက် ဂိုးများကို ဇင်မင်းထွန်းက ၄၇ နှင့် ၉၃ မိနစ်တွင်လည်းကောင်း၊ ဝင်းနိုင်ထွန်းက ၇၈ မိနစ်တွင်လည်းကောင်း သွင်းယူခဲ့သည်။
ပြိုင်ပွဲကို ပတ်လည်စနစ်ဖြင့် ကစားပြီးချိန်တွင် ရလဒ်များမှာ
မလေးရှား ၁-၀ GIMHAE
ဗီယက်နမ် ၅-၂ မြန်မာ
GIMHAE ၁-၀ မြန်မာ
မလေးရှား ၁-၂ ဗီယက်နမ်
မြန်မာ ၃-၀ မလေးရှား
ဗီယက်နမ် ၃-၀ GIMHAE တို့ ဖြစ်သည်။
သို့ဖြစ်ရာ ဗီယက်နမ်က သုံးပွဲလုံးနိုင်ပြီး ၉ မှတ် ရရှိခဲ့သည်။ မြန်မာ၊ မလေးရှားနှင့် GIMHAE အသင်းတို့မှာ တစ်ပွဲစီ အပြန်အလှန် အနိုင်ရကြပြီး ၃ မှတ်စီ ရကြရာ ဂိုးကွာခြားချက်အရ မြန်မာက -၁၊ မလေးရှားနှင့် GIMHAE က -၃ ဖြစ်ပါသည်။
ထို့ကြောင့် ဗီယက်နမ်နှင့် မြန်မာတို့ ဗိုလ်လုပွဲ တက်သွားပြီး မလေးရှားနဲ့ GIMHAE တို့မှာ တတိယ လုရမည် ဖြစ်သည်။ တတိယလုပွဲကို ဒီဇင်ဘာ ၁၈ ရက် မြန်မာ စံတော်ချိန် နေ့လယ် ၂း၀၀ နာရီ၊ ပိတ်ပွဲအခမ်းအနားနဲ့ ဗိုလ်လုပွဲကို ညနေ ၄း၃၀ နာရီတွင် ကျင်းပရန် စီစဉ်ထားကြောင်း သိရသည်။