MFF Women’s League ပွဲစဉ်(၂)အပြီး အမှတ်ပေးဇယားရပ်တည်မှု အခြေအနေ
December 18, 2018မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် ဂျပန်နိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ Mr. Tashima Kohzo တို့ နှစ်နိုင်ငံ ဘောလုံးကိစ္စရပ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တွေ့ဆုံဆွေးနွေး
December 21, 2018MFF Women’s League 2018-19 ပြိုင်ပွဲ (Week-3) ကို ယနေ့ ဒီဇင်ဘာ ၁၉၊ မွန်းလွဲ ၃း၃၀ နာရီတွင် အောင်ဆန်းကွင်း၌ ဆက်လက် ယှဉ်ပြိုင် ကစားခဲ့ရာ Gandamar အသင်းက University အသင်းကို အနိုင်ရသွားသည်။
ပထမပိုင်းတွင် နှစ်သင်းစလုံး ကြိုးစားပြီး ယှဉ်ပြိုင်ကစားခဲ့ သော်လည်း အဆုံးသတ်ပိုင်း အားနည်းမှုများကြောင့် ဂိုးသွင်းယူနိုင်ခြင်း မရှိဖြစ်နေ ခဲ့သည်။
ပထမပိုင်း ပြီးဆုံးရန် မိနစ် အနည်းငယ်သာ လိုတော့သည့် ပွဲချိန် ၄၃ မိနစ်တွင်မှ Gandamar အသင်း ဦးဆောင်ဂိုး ရရှိခဲ့ပြီး အသင်းခေါင်းဆောင် ခင်ဇာဇာဝင်းက သွင်းယူခဲ့သည်။
ဒုတိယပိုင်းတွင် Gandamar အသင်းက ပိုမိုထိုးဖောက် ကစားနိုင်ခဲ့ပြီး ပွဲချိန် ၆၄ မိနစ်တွင် လားအယ်ဝါးက Gandamar အသင်းအတွက် ဒုတိယဂိုး သွင်းယူ နိုင်ခဲ့သည်။
လက်ကျန် ပွဲချိန်များတွင် University အသင်းက ချေပဂိုး ရရှိရေး ကြိုးပမ်း ခဲ့သော်လည်း အရာမထင်ခဲ့ဘဲ Gandamar အသင်း ကလည်း ဂိုးထပ်မသွင်း နိုင်သဖြင့် ၂-၀ ဂိုးဖြင့်သာ Gandamar အသင်း အနိုင်ရ သွားခဲ့သည်။