MFF Women’s League 2018-19 (Week-3) တွင် Gandamar အသင်းက University အသင်းကို အနိုင်ရ
December 19, 2018ဟောင်ကောင် ဖိတ်ခေါ် ပြိုင်ပွဲသို့ မြန်မာ လက်ရွေးစင် ယူ-၁၉ အသင်းနှင့် ယူ-၁၅ အသင်း ဝင်ပြိုင်မည်
December 22, 2018မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် (MFF) ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် ဂျပန်နိုင်ငံ ဘောလုံး အဖွဲ့ချုပ် (JFA) ဥက္ကဋ္ဌ Mr. Tashima Kohzo တို့သည် ဒီဇင်ဘာ ၂၁ ရက်၊ မွန်းတည့် ၁၂း၀၀ နာရီက Novotel Yangon Max ဟိုတယ်တွင် တွေ့ဆုံပြီး နှစ်နိုင်ငံ ဘောလုံးကိစ္စရပ်များ ဖွံ့ဖြိုး တိုးတက်ရေး အတွက် ဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပွဲတွင် နည်းစနစ် ပိုင်းဆိုင်ရာ များနှင့် သက်တမ်း အလိုက် ပြိုင်ပွဲ ကိစ္စရပ်များ၊ လူငယ် ဘောလုံး ပြိုင်ပွဲများကို အခြေခံ ပညာ ကျောင်းများတွင် ကျင်းပနေရာ၌ နိုင်ငံတော်၏ ပံ့ပိုးမှုဆိုင်ရာ အခန်းကဏ္ဍများကို ဆွေးနွေးကြသည်။
ဂျပန်နိုင်ငံတွင် ဂျပန်နိုင်ငံအစိုးရ၏ ပံ့ပိုးကူညီမှုဖြင့် အထက်တန်းကျောင်းအဆင့် ပြိုင်ပွဲများကို အားကောင်းစွာ ကျင်းပနေပြီး ယခုနှစ်ကုန် ကျင်းပမည့် အထက်တန်း ကျောင်းပေါင်းစုံ ပြိုင်ပွဲ ဗိုလ်လုပွဲကို ပရိသတ် ၅၀, ၀၀၀ ကျော်ဖြင့် ကျင်းပမည် ဖြစ်ကြောင်း၊ မြန်မာ နိုင်ငံ အနေဖြင့်လည်း ကျောင်းအဆင့် ပြိုင်ပွဲများကို စနစ်တကျ ကျင်းပသင့်ကြောင်း Mr. Tashima Kohzo က အကြံပြု ပြောကြားခဲ့သည်။
MFF ဥက္ကဋ္ဌ ဦးဇော်ဇော်ကလည်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့် ပြိုင်ပွဲများကျင်းပရာတွင် မြို့နယ်အသီးသီး၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီး တို့တွင် ဘောလုံး ကွင်းရုံ (Football Infrastructure) များ ယခုထက် ပိုမိုကောင်းမွန်ရန် လိုအပ် နေပါကြောင်း၊ တစ်နိုင်ငံလုံးရှိ ဘောလုံးကွင်းများတွင် ကျောင်းသား လူငယ် လူရွယ်များ ယခုထက် ပိုမို စိတ်ပါဝင်စား ကစားလာ နိုင်ရေးမှာလည်း အရေးကြီးပါကြောင်း၊ အောက်ခြေအဆင့် (Grassroots Level)တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လုပ်ဆောင်နိုင်ရေး၊ အရည်အချင်းရှိ ပြည်တွင်း နည်းပြဆရာများ ပိုမို ထွက်ပေါ် လာစေရေး၊ သက်တမ်း အလိုက် လူငယ်ပြိုင်ပွဲများတွင် စနစ်တကျ ပိုမိုရှိစေရေးအတွက် ပြိုင်ပွဲများ စဉ်ဆက်မပြတ် ကျင်းပပေးနိုင်ရန် လိုအပ်ချက်များ ရှိနေသော်လည်း တတ်နိုင်သမျှ ကြိုးစား ဆောင်ရွက် နေရပါကြောင်း ပြောကြားခဲ့ပြီး JFA ဥက္ကဋ္ဌ Mr. Tashima Kohzo ကလည်း ဂျပန်ဘောလုံး အဖွဲ့ချုပ်ဘက်မှ အကူအညီများ ပေးသွားမည်ဟု ပြန်လည် ဆွေးနွေးခဲ့သည်။
ထို့ပြင် မြန်မာ လက်ရွေးစင် အမျိုးသား၊ အမျိုးသမီး သက်တမ်းအလိုက် ပြိုင်ပွဲဝင်အသင်းများ ဂျပန်နိုင်ငံတွင် စခန်းသွင်း လေ့ကျင့်နိုင်ရေး အတွက် ဂျပန်ဘောလုံး အဖွဲ့ချုပ်အနေဖြင့် ပံ့ပိုးကူညီ ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း ထည့်သွင်း ဆွေးနွေးခဲ့ ကြသည်။
ဂျပန် ဘောလုံး အဖွဲ့ချုပ်သည် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ အတွင်း ကျင်းပပြုလုပ်မည့် Japan-Asean Youth Exchange Sport(Women Football) ပြိုင်ပွဲအား ဝင်ရောက် ယှဉ်ပြိုင်ပေးရန် မြန်မာ လက်ရွေးစင် အမျိုးသမီး ယူ-၁၉ အသင်းကို တဆက်တည်း ဖိတ်ကြားထား သည်။ မြန်မာ လက်ရွေးစင် အမျိုးသမီး ယူ-၁၉ အသင်းသည် အာရှခြေစစ်ပွဲ ပထမအဆင့် အောင်မြင်ထားသည်။