MFF U-12 Boys’ States & Regions Tournament 2018 ပြိုင်ပွဲမှ အကယ်ဒမီများသို့ တက်ရောက်ခွင့် ရရှိနိုင်မည့် ကစား သမားများ ထွက်ပေါ်
December 24, 2018မြန်မာ့လက်ရွေးစင် ယူ-၂၃ အသင်း ပြည်ပ ခြေစမ်းပွဲများ သွားရောက် ကစားမည်
December 26, 2018AFC U-16 Women’s Championship Thailand 2019 Qualifiers Round 2 အုပ်စု (ခ) ပွဲစဉ်များကို မြန်မာနိုင်ငံ မှ အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်ဖြစ်ပြီး အဆိုပါ ပွဲစဉ်များကို မန္တလေးမြို့ မန္တလာသီရီ အားကစားကွင်းကြီးတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်သည်။
AFC U-16 Women’s Championship Thailand 2019 Qualifiers Round 2 အုပ်စု (ခ) တွင် အိမ်ရှင်မြန်မာ၊ တရုတ်၊ ဖိလစ်ပိုင်၊ ဘင်္ဂလားဒေ့ရှ်အသင်းတို့ ပါဝင်မည်ဖြစ်သည်။ အိမ်ရှင်မြန်မာ ယူ၁၆ အမျိုးသမီးအသင်း၏ ပွဲစဉ်များကို ည ၆နာရီအချိန်တွင်ကျင်းပသွားမည်ဖြစ်ပြီး ကျန်ပွဲစဉ်များကို ညနေ ၄နာရီအချိန်တွင် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင် ယူ၁၆ အမျိုးသမီးအသင်းသည် နီပေါနိုင်ငံတွင် ကျင်းပခဲ့သည့် ခြေစစ်ပွဲ ပထမအဆင့်တွင် ၃ပွဲကစား ၃ပွဲနိုင် ရမှတ် ၉မှတ်ဖြင့် အုပ်စု ပထမနေရာမှ ခြေစစ်ပွဲ ဒုတိယအဆင့်ကိုတက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ခြေစစ်ပွဲ ပထမအဆင့်သည့် မြန်မာအမျိုးသမီး ယူ၁၆ အသင်းသည် သွင်းဂိုး ၁၉ဂိုးရရှိခဲ့ပြီး မြတ်နိုးခင်နှင့် ဆွေမာအောင်တို့မှ အသင်းအတွက် ၇ဂိုးစီ သွင်းယူပေးထားကြောင်း တွေ့ရှိရသည်။