
ဟောင်ကောင် ဖိတ်ခေါ် ပြိုင်ပွဲသို့ မြန်မာ လက်ရွေးစင် ယူ-၁၉ အသင်းနှင့် ယူ-၁၅ အသင်း ဝင်ပြိုင်မည်
December 22, 2018
AFC U-16 Women’s Championship ခြေစစ်ပွဲ ဒုတိယအဆင့် အုပ်စု(ခ) ပွဲစဉ်များကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်။
December 24, 2018MFF U-12 Boys’ States & Regions Tournament 2018 အသက် ၁၂ နှစ်အောက် တိုင်းဒေသကြီးနှင့် ပြည်နယ် အမျိုးသား ဘောလုံးပြိုင်ပွဲကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နှင့် ပညာရေး ဝန်ကြီးဌာနတို့ ပူးပေါင်းကျင်းပခဲ့ပြီး ဖြစ်ပါသည်။ အဆိုပါ ပြိုင်ပွဲမှ အလားအလာ ရှိသည့် ထူးချွန်လူငယ်များကို MFF Technical Department မှ စောင့်ကြည့်ရွေးချယ်ခဲ့ပြီး မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အကယ်ဒမီများတွင် အနာဂတ်အတွက် စနစ်တကျ ပြုစုပျိုးထောင်ပေးသွားမည် ဖြစ်ပါသည်။
MFF Technical Department မှစောင့်ကြည့် ရွေးချယ်ခဲ့သည့် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးမှ ကစားသမား များမှာ အောက်ဖော်ပြပါအတိုင်း ဖြစ်ပြီး အရေအတွက်အားဖြင့် စုစုပေါင်း ၅၃ ဦးအထိရှိပါသည်။ ယင်းအနက် အောက်ဖော်ပြပါ ကစားသမား ၁၄ ဦးမှာ အကယ်ဒမီများသို့ တက်ရောက် ပညာသင်ကြားခွင့် ရရှိနိုင်သည် အထိ အရည်အချင်းပြည့်မီကြောင်း သက်မှတ်ခံရပါသည်။
အကယ်ဒမီများသို့ တက်ရောက် ပညာသင်ကြားခွင့် ရရှိနိုင်သည့် ကစားသမား ၁၄ ဦးစာရင်း

MFF Technical Department မှစောင့်ကြည့် ရွေးချယ်ခဲ့သည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ရွေးချယ်ခြင်း ခံထားရသည့် ကျန်ကစားသမားများကိုမူ ယူ၁၄ ပွဲစဉ်များ နှင့် လူရွေးချယ်ပွဲများ ယှဉ်ပြိုင် ကစားသည်အထိ စောင့်ကြည့်သွားမည် ဖြစ်သည်။
