မြန်မာ့လက်ရွေးစင် ယူ-၂၃ အသင်း ပြည်ပ ခြေစမ်းပွဲများ သွားရောက် ကစားမည်
December 26, 2018မြန်မာ ယူ-၂၂အသင်း စခန်းဝင်လေ့ကျင့်မှု စတင်
December 29, 2018၂၀၁၈ ခုနှစ် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အလုပ်အမှုဆောင် အဖွဲ့အစည်းအဝေး MFF Executive Meeting 2018 ကို ယနေ့မနက် (၉း၃၀)နာရီက နိုဗိုတယ် ရန်ကုန် မက်စ်တွင် ကျင်းပပြုလုပ်ခဲ့သည်။ အစည်းအဝေးသို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချူပ် ဥက္ကဋ္ဌ ဦးဇော်ဇော်၊ ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ စိုင်းဆမ်ထွန်း၊ ဒုတိယ ဥက္ကဋ္ဌ ဦးပြည့်ဖြိုးတေဇ နှင့် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချူပ် အလုပ်အမှုဆောင် အဖွဲ့ဝင်များ၊ အဖွဲ့ချူပ် စီအီးအို ဦးဘုန်းနိုင်ဇော်၊ အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်း၊ တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးတင်မြင့်အောင်၊ နည်းစနစ် ဒါရိုက်တာ မစ္စတာ အဲရစ်၊ မြန်မာနေရှင်နယ်လိဂ် စီအီးအို ဦးစိုးမိုးကျော်၊ စီအိုအို ဦးဆူးအောင်တို့ တက်ရောက် ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးတွင် အဖွဲ့ချူပ် ဥက္ကဋ္ဌမှ အမှာစကား ပြောကြားခဲ့ပြီးနောက် MFF စီအီးအို၊ အထွေထွေ အတွင်းရေးမှူး နှင့် တွဲဖက် အထွေထွေ အတွင်းရေးမှူးတို့မှ ၂၀၁၉ ခုနှစ်အတွက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ ဘဏ္ဍာရေး ရှင်းတမ်းများနှင့် MFF Strategic Plan 2019-2022 တို့ကို တင်ပြရှင်းလင်း ခဲ့ကြသည်။ နည်းစနစ် ဒါရိုက်တာ မစ္စတာ အဲရစ်မှလည်း လက်ရွေးစင် အသင်းများနှင့် သက်တမ်းအလိုက် ပြိုင်ပွဲများ၊ နည်းစနစ် ဆိုင်ရာ စီမံချက်များကို EC Committee ထံ ရှင်းလင်းတင်ပြခဲ့သည်။
အလုပ်အမှုဆောင် အဖွဲ့အစည်း အဝေးအပြီးတွင် မြန်မာနေရှင်နယ်လိဂ် ကော်မတီ အစည်းအဝေးကိုလည်း ဆက်လက် ကျင်းပခဲ့သည်။