မြန်မာ ယူ-၂၂အသင်း စခန်းဝင်လေ့ကျင့်မှု စတင်
December 29, 2018MFF AMATEUR LEAGUE 2018 နောက်ဆုံးပွဲစဉ်များနှင့် ဆုပေးပွဲ အခမ်းအနားများကို ဇန်နဝါရီလ ၂၀ ရက်တွင် ကျင်းပမည်
January 14, 2019မြန်မာ လက်ရွေးစင် ယူ-၁၉ အမျိုးသမီး အသင်းသည် ဂျပန်-အာဆီယံ ချစ်ကြည်ရေးနှင့် ယဉ်ကျေးမှု ဖလှယ်ရေး အစီအစဉ် JENESYS Inbound Program အရ ကျင်းပသည့် Japan-ASEAN Youth Sports Exchange (Women’s Football) ပြိုင်ပွဲသို့ ဂျပန် နိုင်ငံ ဘောလုံး အဖွဲ့ချုပ် JFA ၏ ဖိတ်ကြားချက်အရ ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။
ပြိုင်ပွဲကို ဂျပန်နိုင်ငံ၊ အိုကီနာဝါ စီရင်စုတွင် ၂၀၁၉ ခုနှစ်၊ မတ်လ ၂ ရက်မှ ၆ ရက်ထိ ကျင်းပရန် စီစဉ်ထားပြီး အာဆီယံ ဒေသမှ မြန်မာ လက်ရွေးစင်ယူ-၁၉ အမျိုးသမီးအသင်းအပြင် ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ် ယူ-၁၉ အမျိုးသမီး အသင်းများ ဝင်ရောက် ယှဉ်ပြိုင် ကြမည် ဖြစ်သည်။
လက်ရှိ အချိန်တွင် ပြိုင်ပွဲသို့ ဝင်ပြိုင်မည့် အသင်းများသာ ထွက်ပေါ်သေးပြီး ပြိုင်ပွဲနှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များ ထွက်ပေါ်လာပါက ဆက်လက် ထုတ်ပြန် ပေးသွားမည် ဖြစ်ပါသည်။
မြန်မာလက်ရွေးစင် ယူ-၁၉ အမျိုးသမီး အသင်းသည် ၂၀၁၉ အာရှ ယူ-၁၉ အမျိုးသမီး ချန်ပီယံရှစ် ခြေစစ်ပွဲ ပထမ အဆင့်ကို အောင်မြင်ထားသည်။
လက်ရှိတွင် ဒုတိယအဆင့် ခြေစစ်ပွဲအတွက် ဆက်လက်လေ့ကျင့်နေပြီး နည်းပြချုပ်အဖြစ် ဒေါ်သက်သက်ဝင်းက တာဝန်ယူ ကိုင်တွယ် လျှက်ရှိသည်။