ဂျပန်-အာဆီယံ လူငယ်ပြိုင်ပွဲသို့ မြန်မာလက်ရွေးစင် ယူ-၁၉ အမျိုးသမီးအသင်း ဝင်ပြိုင်မည်
January 4, 2019မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် လေးနှစ်စာ မဟာဗျူဟာ စီမံကိန်းအတွက် သတင်းစာရှင်းလင်းပွဲ ပြုလုပ်
January 16, 2019MFF AMATEUR LEAGUE 2018 (ရန်ကုန်၊ မန္တလေး) ပြိုင်ပွဲများ၏ ပိတ်ပွဲအခမ်းအနားများကို ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ကျင်းပမည် ဖြစ်သည်။
MFF AMATEUR LEAGUE 2018 ပြိုင်ပွဲများကို ရန်ကုန်နှင့် မန္တလေး ဇုန်နှစ်ခုခွဲကာ ကျင်းပခဲ့ပြီး ဖြစ်ပြီး ဇန်နဝါရီလ ၂၀ ရက်နေ့တွင် MFF AMATEUR LEAGUE 2018 ဇုန်နှစ်ခု စလုံး၏ နောက်ဆုံးပွဲစဉ်များကို ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။ နောက်ဆုံးပွဲစဉ်များ အပြီးတွင် ဆုပေးပွဲ အခမ်းအနားကို ဆက်လက်ကျင်းပသွားမည် ဖြစ်သည်။
MFF AMATEUR LEAGUE 2018 (မန္တလေး)၏ နောက်ဆံုံးပွဲစဉ် အဖြစ် Kyal Sin Su အသင်းနှင့် Ayar Zar အသင်းတို့သည် ဗထူးအားကစား ကွင်းတွင် နံနက် (၈း၃၀) အချိန်တွင် စတင်ယှဉ်ပြိုင် ကစားမည် ဖြစ်သည်။
MFF AMATEUR LEAGUE 2018 (ရန်ကုန်)၏ နောက်ဆုံးပွဲအစဉ်အဖြစ် New Light အသင်းနှင့် 10/ Mon အသင်း တို့ ယှဉ်ပြိုင်သည် ဇန်နဝါရီလ ၂၀ ရက် ညနေ ၃း၃၀ အချိန်တွင် မြန်မာအမျိုးသား အကယ်ဒမီ လေ့ကျင့်ရေးကွင်း (သုဝဏ္ဏ)တွင် ယှဉ်ပြိုင် ကစားကြ မည်ဖြစ်သည်။
MFF AMATEUR LEAGUE 2018 (ရန်ကုန်၊ မန္တလေး) ပြိုင်ပွဲများတွင် ချန်ပီယံ ဆု ရရှိသည့် အသင်းများကို ဆုကြေးငွေ ကျပ် သိန်း၃၀၊ အဆင့်(၂ ) ရရှိသည့် အသင်းများကို ဆုကြေးငွေ ကျပ် သိန်း (၂၀)၊ အဆင့်(၃) ရရှိသည့် အသင်းများကို ဆုကြေးငွေ ကျပ်(၁၅) သိန်း၊ အဆင့်(၄)မှ အဆင့် (၈) အထိ အသင်းများကို ဆုကြေးငွေကျပ် (၁၁သိန်း၊ ၉ သိန်း၊ ၇သိန်း၊ ၅ သိန်း၊ ၃သိန်း) စီ အစဉ်လိုက် ချီးမြှင့် ပေးသွားမည် ဖြစ်သည်။