MFF AMATEUR LEAGUE 2018 (မန္တလေးဇုန်) ဘောလုံးပြိုင်ပွဲတွင် ကြယ်စင်စုအက်ဖ်စီအသင်းဗိုလ်စွဲ
January 20, 2019မြန်မာယူ၁၆ အမျိုးသမီးအသင်း သြစတြေးလျတွင် လေ့ကျင့်မည်
January 21, 2019MFF AMATEUR LEAGUE 2018 (ရန်ကုန်ဇုန်) ပြိုင်ပွဲ၏ နောက်ဆုံးပွဲစဉ်နှင့် ဆုပေးပွဲ အခမ်းအနားကို ဇန်နဝါရီ ၂၀ ရက် ညနေ ၃း၃၀ နာရီ အချိန်မှ စတင်ကာ ရန်ကုန်မြို့ အမျိုးသား ဘောလုံးအကယ်ဒမီ လေ့ကျင့်ရေးကွင်းတွင် ကျင်းပခဲ့သည်။
နောက်ဆုံးပွဲစဉ်အဖြစ် New Light FC နှင့် ပွဲစဉ်များ မကုန်ဆုံးမီ ကတည်းက ချန်ပီယံဖြစ်ခဲ့သော 10/Mon FC တို့ ယှဉ်ပြိုင် ကစားခဲ့ကြပြီး New Light FC က 10/Mon FC ကို ၄-၂ ဂိုးဖြင့် အနိုင်ရခဲ့သည်။
ပွဲအပြီးတွင် ဆုပေးပွဲ အခမ်းအနားကို ဆက်လက်ကျင်းပခဲ့ရာ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် စီမံရေးနှင့် လုံခြုံရေးဌာန ဒါရိုက်တာ ဦးမင်းဦးကြိုင်က အဆင့် ၈ ရရှိသော Zee Gone FC ကို ဆုကြေးငွေကျပ် ၃ သိန်း ချီးမြှင့်ခဲ့သည်။
ဆက်လက်ပြီး မြန်မာ အမျိုးသား အကယ်ဒမီ (ရန်ကုန်) ကျောင်းအုပ်ကြီး ဦးအေးချိုက အဆင့် ၇ ရရှိသော Sky Lion FCနှင့် အဆင့် ၆ ရရှိသော TGT FC (Kaw Mhu) တို့ကို ဆုကြေးငွေကျပ် ၅ သိန်းနှင့် ၇ သိန်းစီ ချီးမြှင့်ခဲ့သည်။
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဒိုင်ကော်မတီ ဥက္ကဋ္ဌ ဦးဝင်းချိုက အဆင့် ၅ ရရှိသော YUFC Fan Club FC နှင့် အဆင့် ၄ရရှိသော TKA Friendship FC တို့ကို ဆုကြေးငွေကျပ် ၉ သိန်းနှင့် ၁၁ သိန်းစီ ချီးမြှင့်ခဲ့သည်။
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အကြံပေး၊ ဒိုင်လူကြီးအဖွဲ့မှ ဦးတင်အောင် (ဂိုး)က ပြိုင်ပွဲတွင် တတိယဆု ရရှိခဲ့သည့်Immortal FC ကို တစ်ဦးချင်း ဆုတံဆိပ်နှင့် ဆုကြေးငွေကျပ် ၁၅ သိန်း ချီးမြှင့်ခဲ့သည်။
မြန်မာ လက်ရွေးစင် ဘောလုံးသမားဟောင်းများအဖွဲ့ ဥက္ကဋ္ဌ ဦးသန်းတိုးအောင်က ဒုတိယဆု ရရှိသည့် New Light FC ကိုတစ်ဦးချင်း ဆုတံဆိပ်နှင့် ဆုကြေးငွေကျပ် သိန်း ၂၀ ချီးမြှင့်ခဲ့သည်။
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးတင်မြင့်အောင်က ချန်ပီယံဖြစ်သွားသော 10/MonFC ကို တစ်ဦးချင်း ဆုတံဆိပ်နှင့် ဆုကြေးငွေကျပ် သိန်း ၃၀ ချီးမြှင့်ခဲ့သည်။
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အလုပ်အမှုဆောင် အဖွဲ့ဝင်နှင့် မြန်မာနေရှင်နယ်လိဂ်ကလပ် ဧရာဝတီ ယူနိုက်တက်အသင်း ဥက္ကဋ္ဌ ဦးမင်းလှိုင်က 10/Mon FC အတွက် MFF AMATEUR LEAGUE 2018 ချန်ပီယံ ဆုဖလားကို ချီးမြှင့်ပေးခဲ့သည်။
MFF AMATEUR LEAGUE 2018 ပြိုင်ပွဲကို ရန်ကုန်ဇုန်တွင် ၈ သင်း၊ မန္တလေးဇုန်တွင် ၈ သင်းဟူ၍ ဇုန်နှစ်ဇုန်ခွဲကာ ကျင်းပခဲ့ပြီး ယနေ့ နံနက်ပိုင်းက ကျင်းပသော မန္တလေးဇုန် နောက်ဆုံးပွဲတွင် ကြယ်စင်စု အက်ဖ်စီအသင်းက ချန်ပီယံ ဖြစ်သွားခဲ့သည်။