MFF AMATEUR LEAGUE 2018 (ရန်ကုန်ဇုန်) တွင် 10/Mon FC ဗိုလ်စွဲ
January 20, 2019100PLUS မှ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) နှင့် မြန်မာနေရှင်နယ်လိဂ် (MNL) တို့၏ Hydration Partner အဖြစ် ၂၀၂၀ ခုနှစ်အထိ သက်တမ်းတိုးမြှင့် ချုပ်ဆို
January 25, 2019အာရှအမျိုးသမီးချန်ပီယံရှစ် ၂၀၁၉ ခြေစစ်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် ယူ၁၆အမျိုးသမီးအသင်းသည် ပြိုင်ပွဲကြိုပြင်ဆင်မှု အနေဖြင့် ဖေဖော်ဝါရီလတွင် သြစတြေးလျနိုင်ငံ Gold Coast မြို့ သို့ သွားရောက်ကာ
၁၀ရက်ကြာ လေ့ကျင့်ခြေစမ်းမည်ဖြစ်သည်။
ဖေဖော်ဝါရီလ ၉ရက်နေ့မှ ၁၉ရက်နေ့အထိသွားရောက်လေ့ကျင့်မည့် အဆိုပါ လေ့ကျင့်ရေးခရီးစဉ်တွင် သြစတြေးလျ ယူ၁၆အမျိုးသမီးအသင်းနှင့် ခြေစမ်းပွဲ (၂)ပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး အခြား အမျိုးသမီးကလပ်အသင်းများနှင့်လည်း
ခြေစမ်းကစားနိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်းသိရသည်။
မြန်မာ့လက်ရွေးစင် ယူ၁၆ အမျိုးသမီးအသင်းကို နည်းပြချုပ်အဖြစ် ဒေါ်စန်းစန်းသိန်းမှ ဆောင်ရွက်နေပြီး ကစားသမား ၂၃ဦးဖြင့် သွားရောက်လေ့ကျင့်မည်ဖြစ်သည်။ အာရှအမျိုးသမီးချန်ပီယံရှစ် ၂၀၁၉ ခြေစစ်ပွဲ ကို ဖေဖော်ဝါရီလ ၂၇ရက်နေ့မှ မတ်လ ၃ရက်နေ့အထိ မန္တလေးမြို့တွင် ကျင်းပမည်ဖြစ်ပြီး တရုတ်၊ဖိလစ်ပိုင်၊ ဘင်္ဂလားဒေ့ရှ် အသင်းများနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။