
ဆီးဂိမ်းစ်ပြိုင်ပွဲ ကြေးတံဆိပ်ဆုရရှိခဲ့သည့် မြန်မာ့လက်ရွေးစင် ယူ၂၂အသင်း
December 10, 2019
BTV International Football Tournament ယှဉ်ပြိုင်ရန် ဗီယက်နမ်နိုင်ငံသို့ မြန်မာ့လက်ရွေးစင် ယူ၁၉အသင်းထွက်ခွာ
December 13, 2019ဖိလစ်ပိုင် ဆီးဂိမ်းစ်ပြိုင်ပွဲ အမျိုးသားဘောလုံးပြိုင်ပွဲတွင် တတိယဆုရရှိခဲ့သည့် မြန်မာ ယူ ၂၂ အသင်းသည် ဒီဇင်ဘာလ ၁၂ ရက် ညနေပိုင်းက ဖိလစ်ပိုင်နိုင်ငံမှ မြန်မာနိုင်ငံသို့ပြန်လည်ရောက်ရှိခဲ့သည်။
တတိယဆုရရှိခဲ့သည့် မြန်မာ ယူ ၂၂ အမျိုးသားအသင်းကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ MNL မှ တာ၀န်ရှိသူများ၊ AYA Bank မှ တာ၀န်ရှိသူများ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှတာဝန်ရှိသူများနှင့် အားကစားသမားများ၊ သက်တမ်းအလိုက်မြန်မာ့လက်ရွေးစင်အသင်းများ၊ မြန်မာဘောလုံးပရိသတ်များ လာရောက်ကြိုဆိုခဲ့ကြသည်။

