BTV International Football Tournament ယှဉ်ပြိုင်ရန် ဗီယက်နမ်နိုင်ငံသို့ မြန်မာ့လက်ရွေးစင် ယူ၁၉အသင်းထွက်ခွာ
December 13, 2019MIU FC နှင့် VUC FC ပွဲစဉ်မှ ဖြစ်ရပ်များ အတွက် စည်းကမ်းထိန်းသိမ်းရေးကော်မတီ၏ ဆုံးဖြတ်ချက် ထုတ်ပြန်
January 7, 2020၂၀၂၀ဘောလုံးရာသီတွင် အမျိုးသမီးဒိုင်လူကြီးများ၏ အရည်အသွေးများ တိုးတက်ကောင်းမွန်စေရန်အတွက် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဒိုင်ကော်မတီ၊ ဒိုင်လုပ်ငန်းဌာနမှ ဖွင့်လှစ်သည့် Top Women Refrees & Assistant Refrees Workshops For- 2020 Football Season (Pre Season)သင်တန်းပိတ်ပွဲအခမ်းအနားကို ဒီဇင်ဘာလ၁၃ရက်က ရန်ကုန်မြို့ သု၀◌ဏ္ဏဘောလုံးကွင်း သတင်းစာရှင်းလင်းပွဲခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်း၊ မြန်မာနေရှင်နယ်လိဂ် စီအီးအို ဦးစိုးမိုးကျော်၊ ဒိုင်လုပ်ငန်းဌာန ဒါရိုက်တာ ဦးထွန်းလှအောင်နှင့် တာ၀◌န်ရှိပုဂ္ဂိုလ်များ၊ သင်တန်းနည်းပြများ၊ သင်တန်းသူများ တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက လမ်းညွှန် အမှာစကားပြောကြားခဲ့သည်။
ထို့နောက်သင်တန်းနည်းပြဆရာတစ်ဦးနှင့် သင်တန်းသူတစ်ဦးတစ်ဦးတို့မှ ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ပြီး အမှတ်တရစုပေါင်းဓါတ်ပုံရိုက်ကူးကာ အခမ်းအနားပြီးဆုံးခဲ့သည်။Top Women Refrees & Assistant Refrees Workshops For- 2020 Football Season (Pre Season)သင်တန်းကို ဒီဇင်ဘာလ ၉ရက်မှ ၁၃ရက်အထိ ဖွင့်လှစ်ခဲ့ပြီး သင်တန်းသူ (၁၆)ဦး တက်ရောက်ခဲ့ကြသည်။