
MFF Election 2020နှင့် MFF ကွန်ဂရက် အခမ်းအနား ကျင်းပခြင်းနှင့် စပ်လျဉ်း၍ သတင်းစာရှင်းလင်းပွဲ ကျင်းပ
January 17, 2020
MFF-MNL’s Youth Development Program Road to Japan ခရီးစဉ်အတွက် ကစားသမား (၂၅) ဦး စာရင်း
January 20, 2020
မြန်မာ့လက်ရွေးစင် ယူ-၂၂ အသင်းနှင့် ရှမ်းယူနိုက်တက် ဂိုးသမား ဘုန်းသစ္စာမင်း၏ ဒူးဒဏ်ရာကို ယနေ့ နံနက် ၉:၀၀ နာရီက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ သွန်ဘူရီဆေးရုံတွင် ခွဲစိတ်ခဲ့ရာ အောင်မြင်ခဲ့သည်။
ဘုန်းသစ္စာမင်းသည် ဆီးဂိမ်းစ်ပြိုင်ပွဲမတိုင်မီ အသင်းလေ့ကျင့်ခန်း အစီအစဉ်တွင် ညာဘက်ဒူး ကြက်ခြေခတ် အရွတ်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။ ဘုန်းသစ္စာမင်း အနေဖြင့် ခွဲစိတ်ပြီး နှစ်ရက်အကြာတွင် ဆေးရုံမှဆင်းပြီး ဘန်ကောက်တွင် နှစ်ပတ်ကြာနေထိုင်ပြီးနောက် မြန်မာနိုင်ငံသို့ ပြန်လာမည်ဖြစ်သည်။
ခွဲစိတ်ပြီး နှစ်လခန့်တွင် အပေါ့စားလေ့ကျင့်ခန်းများကို ပြုလုပ်နိုင်မည်ဖြစ်ပြီး ခြောက်လ အကြာတွင် ပုံမှန်လေ့ကျင့်ခန်းများ ပြန်လည်ပြုလုပ်နိုင်မည်ဟု ခွဲစိတ်ဆရာဝန်ကြီးက ပြောသည်။
ဆီးဂိမ်းစ်ပြိုင်ပွဲ မတိုင်မီ ကာတာလေ့ကျင့်ရေး ခရီးစဉ်တွင် ဘယ်ခြေကျင်းဝတ် ဒဏ်ရာရခဲ့သည့် မြန်မာယူ-၂၂ အသင်း နောက်ခံလူ ကျော်သူထွန်းသည်လည်း သွန်ဘူရီ ဆေးရုံသို့ ရောက်ရှိနေပြီး ရက်ပိုင်းအတွင်း ခွဲစိတ်ကုသမှု ခံယူရမည်ဖြစ်သည်။ ဘန်ကောက်သို့ သွားရောက် ခွဲစိတ်ကုသမှုခံယူရာတွင် MFF မှ ဆရာဝန်တစ်ဦးဖြစ်သူ ဒေါက်တာဖြိုးမင်းဦးပါ လိုက်ပါ ဆောက်ရွက်ပေးလျက် ရှိပါသည်။