VUC FC continues leading the MFF Myanmar Futsal League standing
January 16, 2020မြန်မာယူ-၂၂ ဂိုးသမား ဘုန်းသစ္စာမင်း၏ ဒူးဒဏ်ရာ ခွဲစိတ်မှု အောင်မြင်
January 17, 2020မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် အလုပ်အမူဆောင်အဖွဲ့ ရွေး ကောက်ပွဲ MFF Election 2020နှင့် MFF ကွန်ဂရက် အခမ်းအနား ကျင်းပခြင်းနှင့် စပ်လျဉ်း၍ သတင်းစာရှင်းလင်းပွဲ အခမ်းအနားကို ဇန်နဝါရီ ၁၇ ရက်က မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်များဖြစ်သော ဥက္ကဋ္ဌ – ဦးဇော်မင်းစိန် (မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥပဒေ အကြံပေး)၊ အဖွဲ့၀င် – ဦးဘန်နီတင်အောင် ( မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် နည်း စနစ်ကော်မတီ နာယက)၊ အဖွဲ့၀င် – ဦးခင်မောင်မြင့် ( ညွှန်ကြားရေးမှူး(ငြိမ်း) ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန)၊ အဖွဲ့၀င် – ဦးသန်းထွန်း (အဖွဲ့၀င်၊ MFF စည်းကမ်းထိန်းသိမ်းရေး ကော် မတီ)၊ အဖွဲ့၀င် – ဦးတင်အောင်(ဂိုး) (နာယက၊ နည်းစနစ်ကော် မတီ) ၊ မြန် မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
အစီအစဉ်အရ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက ရွေးကောက်ပွဲနှင့် ကွန်ဂရက် အခမ်းအနားအတွက် ပြင် ဆင်ထားမူများကို ရှင်းလင်းတင်ပြခဲ့ပြီး မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးဇော်မင်းစိန်က ရွေးကောက်ပွဲနှင့် ပတ် သက်သည့် ပြင်ဆင်ဆောင်ရွက်ထားမူများကို ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် တက်ရောက်လာသည့် စာနယ်ဇင်းများ၏ မေးမြန်းမူများကို ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးဇော်မင်းစိန်နှင့် အဖွဲ့၀င် ဦးဘန်နီတင်အောင် တို့က ပြန်လည်ဖြေကြားခဲ့သည်။
ဒုတိယ အကြိမ် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ရွေးကောက်ပွဲနှင့် ကွန်ဂရက် အခမ်းအနားအား လာမည့် ဇန်နဝါရီလ ၃၀ ရက်နေ့၊ နံနက် (၉)နာရီမှ စတင်ကာ ရန်ကုန်မြို့ Novotel Yangon Max တွင်ကျင်းပသွားမည်ဖြစ်ပြီး ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်း နေရာများအတွက် မြို့နယ်ဘောလုံး အဖွဲ့ချုပ်များက၂၄၁ မဲ (လက်ရှိအချိန်ထိ) ၊ မြန်မာနေရှင်လိဂ် (၁) ကလပ်အသင်းများက ၁၂ မဲ၊ မြန်မာနေရှင်လိဂ် (၂) ကလပ်အသင်းများ က၈ မဲ၊ စုစုပေါင်း ၂၆၁ မဲ ပေးရွေးချယ်မည်ဖြစ်သည်။