မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ၂၀၂၀ ကွန်ဂရက်နှင့် ရွေးကောက်ပွဲ အခမ်းအနား အောင်မြင်စွာ ကျင်းပပြီးစီး
January 30, 2020Auto Draft
January 31, 2020Football For Schools အစီအစဉ် စတင်ခြင်း အခမ်းအနားကို ဇန်နဝါရီ ၃၁ ရက် ညနေပိုင်းက မြန်မာအမျိုးသား ဘောလုံးအကယ်ဒမီမြက်ခင်းတုကွင်းတွင် ကျင်းပခဲ့သည်။
အခမ်းအနားသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ အစိုးရအဖွဲ့ဝင်များ၊ MFF ဥက္ကဋ္ဌ ဦးဇော်ဇော်၊MFF ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ စိုင်းဆမ်ထွန်း၊ FIFA Foundation CEO နှင့် ၁၉၉၈ ကမ္ဘာ့ဖလားချန်ပီယံ ပြင်သစ်လက်ရွေးစင်ကစားသမား ဟောင်း Youri Djorkaeff ၊ အလုပ်အမူဆောင်များ၊ မြန်မာနေရှင်လိဂ် (၁)၊ လိဂ် (၂) မှ တာဝန်ရှိသူများ၊တိုင်းဒေသကြီးနှင့် ပြည်နယ် ၂၄၃ မြို့နယ်ဘောလုံးအဖွဲ့ချုပ်များမှ တာဝန်ရှိသူများ၊ ဖီဖာ၊ အာရှနှင့်အာဆီယံ ဘောလုံးအဖွဲ့ချုပ်တို့မှ တာဝန်ရှိသူများ၊ ကျောင်းသားကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ MFF ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် Youri Djorkaeff တို့က Football For Schools အစီအစဉ် စတင်ခြင်းကို စက်ခလုပ်နှိပ် ဖွင့်လှစ်ပေးခဲ့ပြီး မြန်မာအမျိုးသား ဘောလုံးအကယ်ဒမီ မြက်ခင်းတုကွင်း အတွင်း ပြသ ထားသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ ပြခန်းများကို လှည့်လည် ကြည့်ရူ၍ ကျောင်းသား၊ကျောင်းသူများ၏ ဘောလုံးအားကစားလှုပ်ရှားမှုများကို အားပေးခဲ့သည်။
ထို့နောက် အခမ်းအနား အစီအစဉ်ကို ဆက်လက်ကျင်းပခဲ့ရာ MFF ဥက္ကဋ္ဌ ဦးဇော်ဇော်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် FIFA Foundation CEO Youri Djorkaeff တို့က Football For Schools အစီအစဉ် နှင့် ပတ်သက်၍ အမှာစကား အသီးသီး ပြောကြားခဲ့သည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် ဖီဖာ၊ အာဆီယံ၊ အာရှ ဘောလုံးအဖွဲ့ချုပ်များမှ တာဝန်ရှိသူများသည် အမှတ်တရ လက်ဆောင်များ အပြန်အလှန်ပေးအပ်ခဲ့ကြသည်။
MFF ဥက္ကဋ္ဌ ဦးဇော်ဇော်က Football For Schools အစီအစဉ် တစ်ရပ်အနေဖြင့် မြန်မာနိုင်ငံတစ်ဝှမ်းရှိ ကျောင်းများအတွက် ဘောလုံးအလုံး (၁၀၀၀၀) အား ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးထံ လှူဒါန်းပေးအပ်ခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။