MFF BRIEF REPORT 2019
February 4, 2020ရခိုင်တွင် ဘောလုံးနှင့် ဖူဆယ်ဒိုင်လူကြီး သင်တန်း ဖွင့်လှစ်
February 5, 2020အာရှဘောလုံး အဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ ဖြစ်သည့် မြန်မာနို်ငငံ ဘောလုံးအဖွဲ့ချုပ် MFF ဥက္ကဋ္ဌ ဦးဇော်ဇော်သည် ယနေ့ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့ မနက်ပိုင်းက ဂျပန်နိုင်ငံတွင် ဂျပန်နိုင်ငံ ဘောလုံး အဖွဲ့ချုပ် JFA ဥက္ကဋ္ဌ ကာဇို တာရှီးမား၊ JFA ဥက္ကဋ္ဌဟောင်း ကာဝါဘူချီ တို့နှင့် တွေ့ဆုံ၍ မြန်မာနှင့်ဂျပန် နှစ်နိုင်ငံ ဘောလုံး တိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုများ အတွက် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
MFF ဥက္ကဋ္ဌအနေဖြင့် မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်းများမှ အလားအလာရှိသည့် ကစားသမားများကို ဂျပန်၏ အဆင့်မြင့် ပရော်ဖက်ရှင်နယ် ကလပ်အသင်းများတွင် ထည့်သွင်း ကစားနိုင်မည့် အခွင့်အလမ်းတစ်ရပ် ဖန်တီးပေးနိုင်ရေးအတွက် ဆွေးနွေးခဲ့ရာ ဂျပန်ကလပ်အသင်းများနှင့် ညှိနိုင်း၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း JFA ဥက္ကဋ္ဌက ပြောကြားခဲ့သည်။ ထို့အပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ဆန်ခါတင် ရွေးချယ်ထားသည့် မြန်မာ လူငယ် ကစားသမား စုစုပေါင်း ၂၅ ဦးကိုလည်း ဂျပန်နို်ငငံတွင် ယခုနှစ် ဧပြီလကုန်ပိုင်းနှင့် မေလ ပထမအပတ်အတွင်း သွားရောက်လေ့ကျင့်မှုများ ပြုလုပ်ရန် အစီအစဉ်များ ရေးဆွဲခဲ့ကြသည်။
ယနေ့ နှစ်ဖက် ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌများ ဆွေးနွေးမှုအရ ဂျပန်ဘောလုံး အဖွဲ့ချုပ်သည် မြန်မာအတွက် နည်းစနစ်ပိုင်း ပံ့ပိုးကူညီသည့် အနေဖြင့် နည်းပြသင်တန်းများ စီစဉ်ခြင်းနှင့် မြန်မာ့လက်ရွေးစင် အမျိုးသမီး အသင်း နည်းပြချုပ် နေရာအတွက် သင့်တော်သည့် နည်းပြတစ်ဦး ခန့်အပ်တာဝန်ပေးခြင်းတို့ကို စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။