MFF Myanmar Futsal League 2019-2020 ရဲ့ ပြိုင်ဆိုင်မှု ပြင်းထန်မယ့် ရာသီသိမ်းပွဲ
February 13, 2020MFF MYANMAR FUTSAL LEAGUE 2019-2020 ချန်ပီယံဆုအား MIU FC ( ၂ ) နှစ်ဆက်ဆွတ်ခူး
February 15, 2020မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် MFF အနေဖြင့် မြို့နယ်ဘောလုံး အဖွဲ့ချုပ်များနှင့် ပူးပေါင်း၍ မျိုးဆက်သစ် ဒိုင်သင်တန်း အကြိမ် (၃၀)အထိ ဖွင့်လှစ်နိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်သည်။
မျိုးဆက်သစ် ဒိုင်လူကြီးကောင်းများ ပေါ်ထွက် လာရေးနှင့် ဒိုင်လူကြီးများ အရည်အချင်း ပိုမိုတိုးတက် ကောင်းမွန် စေရေး အတွက် ရည်ရွယ်ပြီး ဒိုင်သင်တန်းများအား ရန်ကုန် မြို့တွင် ကျင်းပမည့် သင်တန်း ၂၄ ကြိမ်သာမက တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီး၊ မြို့နယ်အသီးသီးတို့တွင်ပါ ဖွင့်လှစ်သွားရန် စီစဉ်ခြင်းဖြစ်သည်။
MFF အနေဖြင့် အာရှဘောလုံး အဖွဲ့ချုပ်နှင့် ဆက်သွယ်၍ AFC Referee Academy တွင် မြန်မာနိုင်ငံမှ မျိုးဆက်သစ် ဒိုင်လူကြီးများ တက်ရောက်သင်ယူနိုင်ရန်လည်း ဆောင်ရွက်လျက် ရှိရာ လာမည့် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလအတွင်း အမျိုးသား ဒိုင်(၂)ဦးနှင့် အမျိုးသမီးဒိုင်(၁)ဦးတို့ကို စေလွှတ် သင်ယူစေမည်ဖြစ်သည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံမှ လူငယ်ဒိုင် တစ်ဦးဖြစ်သည့် ဦးဖြိုးထက်အောင် တက်ရောက်သင်ယူလျက်ရှိပြီး အရည် အချင်း အရ AFC ပြိုင်ပွဲများတွင် တာဝန်ထမ်းဆောင် ခွင့်ရရှိနိုင်မည် ဖြစ်သလို ဖီဖာ လူငယ်ပြိုင်ပွဲများတွင်လည်း ကြီးကြပ်ကိုင်တွယ်နိုင်သည် အထိ အခွင့်အလမ်းများ ရရှိလာမည် ဖြစ်သည်။
MFF အနေဖြင့် အဆိုပါ အာရှဘောလုံး အဖွဲ့ချုပ် ဒိုင်လူကြီးအကယ်ဒမီသို့ တက်ရောက်မည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ အသက် ၃၅ နှစ်အောက် မျိုးဆက်သစ် ဒိုင်များအား ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ပြီး တက်ရောက်လိုသူများ အနေဖြင့် MFF ဒိုင်လူကြီးများ ဌာနသို့ လူကိုယ်တိုင် လာရောက်ဆက်သွယ် စာရင်းပေး စုံစမ်းနိုင်မည် ဖြစ်သည်။
မြန်မာနိုင်ငံတွင် ဖီဖာအသိအမှတ်ပြု ဒိုင်များမှာ အမျိုးသား ကွင်းလယ်ဒိုင် (၄)ဦး၊ အမျိုးသမီး ကွင်းလယ်ဒိုင် (၃)ဦး၊ အမျိုးသား အကူဒိုင်(၆)ဦး၊ အမျိုးသမီး အကူဒိုင်(၃)ဦး၊ စုစုပေါင်း ဖီဖာ အသိအမှတ်ပြု ဒိုင်(၁၆)ဦး ရှိပြီး အဆိုပါအရေအတွက်မှာ အာဆီယံ နိုင်ငံများအနက် ထိုင်းနိုင်ငံ (ဖီဖာဒိုင် ၁၉ ဦး)ပြီးလျင် ဒုတိယ အများဆုံး ဖြစ်သည်။