မြို့နယ်များတွင် ယခုနှစ်အတွင်း မျိုးဆက်သစ် ဒိုင်သင်တန်း အကြိမ်(၃၀)အထိ ဖွင့်လှစ်နိုင်ရန် ကြိုးပမ်းသွားမည်
February 15, 2020MIU FC take the MFF Myanmar Futsal League 2019-2020 title after dramatic final day
February 17, 2020MFF MYANMAR FUTSAL LEAGUE 2019-2020 ရာသီပိတ် ပွဲစဉ်ဖြစ်သည့် ပွဲစဉ် (၂၂)ကို ဖေဖော်ဝါရီ (၁၅)ရက်က အမျိုးသား အားကစားပြိုင်ပွဲရုံ – ၂ (NIS-2)တွင်ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါပွဲစဉ်ကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် အဖွဲ့ချုပ် အလုပ်အမှုဆောင်များ၊ MFF စပွန်ဆာများ၊ ဖူဆယ်ကလပ်အသင်းများမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ၊ မီဒီယာများနှင့် ပရိသတ်များ ကွင်းအပြည့် တက်ရောက် အားပေးခဲ့သည်။
ပွဲစဉ် (၂၂) နောက်ဆုံးပွဲစဉ်ဖြစ်သော ချန်ပီယံဆုကို ဆုံးဖြတ်ပေးသည့် VUC FC နှင့် MIU FC တို့ပွဲစဉ်သည် အကြိတ်အနယ်ရှိခဲ့ပြီး ( ၄-၄) ဂိုး သရေကျခဲ့ကာ ထိပ်တိုက်တွေ့ဆုံမူ အသာဖြင့်MIU FC အသင်းက အမှတ်ပေး ချန်ပီယံဆုအား ကာကွယ်နိုင်ခဲ့သည်။
ပြိုင်ပွဲအပြီး ဆုပေးပွဲအခမ်းအနားကို ဆက်လက်ပြုလုပ်ခဲ့ရာ ရှေးဦးစွာ MFF MYANMAR FUTSAL LEAGUE 2019-2020 ပြိုင်ပွဲ၏ နောက်ဆုံးပွဲစဉ်တွင် တာဝန်ယူခဲ့သော ဒိုင်လူကြီးများအား မြန်မာ နိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ အကြံပေး ဦးဘန်နီတင်အောင်က အမှတ်တရဆု ပေးအပ်ချီးမြှင့်ခဲ့သည်။
ဆက်လက်၍ MFF MYANMAR FUTSAL LEAGUE 2019-2020 ပြိုင်ပွဲတွင် အဆင့် (၅) နေရာရရှိသော MFF U-19 TEAM အသင်းကို MY SPORTS မှ MD CLIENT EASTHROPE က ဆုကြေးငွေကျပ်(၂၅) သိန်း၊စတုတ္ထနေရာရရှိသော ON DOCTOR FC အသင်းကို VUC အသင်းပိုင်ရှင် ဦးနိုင်သောင်းထိုက်က ဆုကြေးငွေ ကျပ် (၄၀) သိန်း ပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် အကောင်းဆုံး ကစားသမားဆုရရှိသည့် VUC FC အသင်းမှ DE CARVAIHO JUNIOR အား MIU FC အသင်းပိုင်ရှင် ဦးဖြိုးမောင်မောင်က ဆုကြေးငွေ ကျပ်( ၃) သိန်း၊ အကောင်းဆုံး ဂိုးသမားဆုရရှိသည့် GV FC အသင်းမှ ညီညီသန့်အား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အလုပ်အမှုဆောင် ဦးဇွဲလှိုင်မှီက ဆုကြေးငွေ ကျပ် ( ၃) သိန်း၊ အသန့်ရှင်းဆုံးဆုရရှိသည့် MFF U 19 အသင်းအား မြန်မာနိုင်ငံဘော လုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက ဆုကြေးငွေ ကျပ်( ၅) သိန်း ပေးအပ်ချီးမြှင့်ခဲ့သည်။
ယင်းနောက် MFF MYANMAR FUTSAL LEAGUE 2019-2020 ပြိုင်ပွဲတွင် တတိယဆုရရှိသည့် GV FC အသင်းအား အား/ကာ သိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ဦးစိုးအောင်က တစ်ဦးချင်း ဆုတံဆိပ်နှင့် ဆုကြေးငွေ ကျပ် (၆၀) သိန်း၊ဒုတိယဆုရရှိသည့် VUC FC အသင်းအား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အလုပ်အမှုဆောင် ဒေါက်တာရဲမွန်ထွဋ်က တစ်ဦးချင်း ဆုတံဆိပ်နှင့် ဆုကြေးငွေ ကျပ် (၇၅) သိန်း၊ ပထမဆုရရှိသည့် MIU FC အသင်းအားရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်က တစ်ဦးချင်း ဆုတံဆိပ် ပေးအပ်ချီးမြှင့်ခဲ့သည်။
ဆက်လက်ပြီး ပထမဆုရရှိသည့် MIU FC အသင်းအား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က ဆုကြေးငွေ ကျပ် (၁၀၀) သိန်းနှင့် ဆုဖလား ပေးအပ်ချီးမြှင့်ခဲ့သည်။
MFF MYANMAR FUTSAL LEAGUE 2019-2020 ပြိုင်ပွဲတွင် အဆင့် (၁၂) နေရာရရှိသော LET WEL THONE NARA FCအသင်း၊ အဆင့် (၁၁) နေရာရရှိသော FUTSAL CHIT THU FCအသင်းနှင့် အဆင့် (၁၀) နေရာရရှိသောAMM BROTHERS FC အသင်းတို့အား ဆုကြေးငွေ ကျပ် (၅) သိန်း ၊ အဆင့် (၉) နေရာရရှိသောDREAM TEAM FC အသင်းကို ဆုကြေးငွေ ကျပ် (၁၀) သိန်း၊ အဆင့် (၈) နေရာရရှိသောDO DO KO KO FC အသင်းကို ဆုကြေးငွေ ကျပ် (၁၅) သိန်း၊အဆင့် (၇) နေရာရရှိသော WINNER FC အသင်းနှင့် အဆင့် (၆) နေရာရရှိသော MYOMA JY FCတို့ကို ဆုကြေးငွေ ကျပ် (၂၀)သိန်းတို့ အသီးသီး ရရှိခဲ့သည်။