Myanmar National team and U-21 team training camps to begin on March 12
March 11, 2020ပဏာမ မြန်မာ့လက်ရွေးစင် အသင်း ရက်တိုလေ့ကျင့်မှု ပြီးဆုံး
March 17, 2020အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါ Coronavirus Disease 2019 (COVID-19) ကိုကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ (Pandemic) အဖြစ် ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း WHO က သက်မှတ်ကြေညာခဲ့ပြီး ဖြစ်ပါသည်။ နိုင်ငံတော် အစိုးရ အနေဖြင့်လည်း လူစုလူဝေးများပြားသော နေရာများတွင် လျှင်မြန်စွာ ကူးစက်နိုင်သည့် အတွက် အခမ်းအနားများ၊ ပွဲလမ်းသဘင်များအား ၂၀၂၀ ပြည့်နှစ် ဧပြီလ ၃၀ ရက်နေ့အထိ ကျင်းပခွင့်မပြုဘဲ ရပ်ဆိုင်းထားရန် မတ်လ ၁၃ ရက်(ယနေ့)တွင် လမ်းညွှန် ထုတ်ပြန်ထားခဲ့ပြီး ဖြစ်ပါသည်။
နိုင်ငံတကာရှိ ထင်ရှားသည့် အားကစားပြိုင်ပွဲများ လိဂ်ပြိုင်ပွဲများ အနေဖြင့်လည်း ပြိုင်ပွဲအား ယာယီ ရပ်ဆိုင်းထား၍ လည်းကောင်း၊ ပရိသတ်မပါဘဲ (ကွင်းပိတ်) ကစား၍လည်းကောင်း ဗိုင်းရပ်ကူးစက်မှုမခံရရေး အတွက် ဆောင်ရွက်နေကြပါသည်။
မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်းပိုင်ရှင်များ၊ လိဂ်ကော်မတီဝင်များ အနေဖြင့် ယနေ့မွန်းလွဲပိုင်းတွင် အစည်းအဝေး တစ်ရပ်ကျင်းပ၍ နိုင်ငံတော် အစိုးရ၏ လမ်းညွှန်ချက်အတိုင်း ဧပြီလ ၃၀ ရက်ထိ မြန်မာနေရှင်နယ်လိဂ် လက်ကျန်ပွဲစဉ်များနှင့် လူငယ်ပွဲစဉ်များ၊ ကျင်းပရန်ရှိသည့် အခြားပွဲစဉ်များအား ပရိသတ် မပါဘဲ (ကွင်းပိတ်) ကစားစေရန်၊ လူစုလူဝေးဖြင့် ကျင်းပရမည့် ဘောလုံး လှုပ်ရှားမှုများအားလုံး ခေတ္တရပ်ဆိုင်းထားရန်တို့ကို ဆွေးနွေးဆုံးဖြတ်ခဲ့ကြပါသည်။ ထို့အပြင် နိုင်ငံခြားသား ကစားသမားများအား ပြည်ပသို့ ပြန်မည်ဆိုပါက ပြန်ခွင့်ပြုမည်ဖြစ်သော်လည်း COVID-19 Virus စိုးရိမ်ဆဲ ကာလအတွင်း ပြည်တွင်းသို့ ပြန်လည် ဝင်ရောက်ခွင့်မပြုရန်လည်း ဆွေးနွေးဆုံးဖြတ်ခဲ့ကြသည်။
COVID-19 Virus နှင့်စပ်လျဉ်း၍ မြန်မာနို်ငငံ ဘောလုံးအဖွဲ့ချုပ် အနေဖြင့် ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်(FIFA)၊ အာရှဘောလုံး အဖွဲ့ချုပ်(AFC) တို့နှင့် ဆက်သွယ်ဆောင်ရွက်လျက် ရှိပြီး ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်များ၊ အာရှဖလားခြေစစ်ပွဲစဉ်များ၊ ထူးခြားဖြစ်စဉ်များ၊ ပြိုင်ပွဲရွှေ့ဆိုင်းမှုများနှင့် အခြား သတင်းအချက်အလက်များအား ဆက်လက်ထုတ်ပြန်ပေးသွားမည် ဖြစ်ပါသည်။