
အသက် ၆၀ နှစ်အထက် မြန်မာ့လက်ရွေးစင် ဟောင်းများနှင့် ဒိုင်လူကြီးဟောင်းများအား ဧရာဝတီ ဖောင်ဒေးရှင်း မှ ဆန်နှင့်ထောက်ပံ့ငွေ ကျပ်တစ်သိန်းစီ လှူဒါန်း
May 4, 2020
၂၀၂၀-၂၁ ရာသီအတွက် ပြောင်းလဲလိုက်သည့် ဘောလုံးဥပဒေသများ
June 1, 2020မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် နည်းစနစ်ကော်မတီ (၁/၂၀၂၀) အစည်း အဝေးကို မေ ၂၅ ရက်၊ နေ့လယ်ပိုင်းက ဘောလုံးအဖွဲ့ချုပ် အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနား အစီအစဉ်အရ နည်းစနစ်ကော်မတီဥက္ကဋ္ဌ ဦးသန်းတိုး အောင်က အဖွင့် အမှာ စကားပြောကြားခဲ့သည်။ ယင်း နောက် ၂၀၂၀ပြည့်နှစ် ဖေဖော်ဝါရီ ၂၈ ရက်တွင် ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံ ဘော လုံးအဖွဲ့ချုပ် အလုပ်အမှုဆောင် ကော်မတီ အစည်းအဝေး (၁/၂၀၂၀) ဆုံး ဖြတ်ချက်အရ (၂၀၂၀-၂၀၂၃ခုနှစ်)အတွင်း မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်၏ နည်း စနစ်ပိုင်း ဆိုင်ရာ လုပ်ငန်းတာဝန်များ ထိရောက်စွာ အကောင်အထည် ဖော်ဆောင် ရွက်နိုင်ရန် နည်းစနစ် ကော်မတီသစ်ကို ဖွဲ့စည်းခဲ့ သည်။

နည်းစနစ်ကော်မတီသစ်ကို နာယကအဖြစ် ဦးတင်အောင်(ဂိုး)၊ ဦးဘန်နီတင်အောင်၊ ဥက္ကဋ္ဌ အဖြစ် ဦးသန်းတိုးအောင်၊ ဒု- ဥက္ကဋ္ဌ အဖြစ် ဦးတင်မြင့်အောင်၊အဖွဲ့ဝင်အဖြစ် ဦးကြည်လွင်၊ ဦးအောင်နိုင်၊ ဦးမျိုးလှိုင်ဝင်း၊ ဦးကျော်မင်းထူး၊ ဦးတင်မောင် ထွန်း၊ ဦးကျော်မင်း၊ ဦးဇော်ဝင်း ထွန်း၊ ဦးသန်းဝေ၊ ဦးစိုးမြတ်မင်း၊ ဦးအောင်ကျော်မိုး၊ ဦးမျိုးမင်းထွန်း၊ ဦးဇော်လင်းထွန်း၊ဦးအောင်ခိုင်၊ ဦးအောင်နေဝင်း၊ ဦးကျော်သူ အောင်မြင့်ထွန်း၊ ဦးဌေးမြင့်တို့ဖြင့် ဖွဲ့စည်းခဲ့ခြင်း ဖြစ် သည်။

ကော်မတီအနေဖြင့် အထွေထွေ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးနောက် အရေးကြီး ဆုံးဖြတ် ချက်များ ဖြစ်သည့် မြန်မာ့ လက် ရွေးစင် ယူ၁၆ အသင်းနည်းပြချုပ်အဖြစ် ဦးချစ်နိုင်အား ပြောင်းလဲ ခန့်အပ်ရန် လည်းကောင်း၊ ဖူဆယ်အသင်း နည်းပြချုပ် အဖြစ် နယ်သာလန် နိုင်ငံသား Victor Hermans နှင့် မြန်မာ့လက်ရွေးစင် အမျိုးသမီး အသင်း နည်းပြချုပ်အဖြစ် ဦးတင် မြင့်အောင်တို့ကို ခန့်အပ်ရန်လည်း ကောင်း ဆုံးဖြတ်ခဲ့ပြီး ဖူဆယ် နှင့် အမျိုးသမီး ဘောလုံးလောက တိုးတက်ရေးအတွက် လိုအပ်သည့်အရာများကို ပံ့ပိုးပေးရန် ဆွေး နွေးခဲ့သည်။

ဆက်လက်၍ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေ အတွင်း ရေးမှူး ဦးကိုကိုသိန်းက 2020 AFF/AFC CALENDAR၊ သက်တမ်း လိုက် လက်ရွေးစင်အသင်းများ၏ပြိုင်ပွဲများ အတွက် ပြင်ဆင်ထားမှု အခြေအနေနှင့် ၂၀၁၉ အတွင်း ရယူခဲ့ သည့် အောင်မြင်မှုများကို ရှင်းလင်းတင် ပြ ခဲ့သည်။

ယင်းနောက် နည်းစနစ်ဒါရိုက်တာရာထူးအတွက်လျှောက်ထားသူများ စာရင်းနှင့် အေဂျက်စ်၊ ဒေါ့မွန်ကလပ်အသင်းများနှင့် ပူးပေါင်း ဆောင် ရွက်မည်ဆိုပါက ကုန်ကျမည့် ဘတ်ဂျက် အခြေ အနေ၊ UEFA ASSIST PROGRAMME အကူအညီ ဖြင့် အိမ်ရှင်အဖြစ် လျှောက်ထားကျင်း ပရန် ကိစ္စရပ်များအား နည်းစနစ် ကော်မတီထံတင်ပြဆွေး နွေးမှုများ ပြုလုပ်ခဲ့ သည်။

ထို့နောက် အထွေထွေဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ကော်မတီဥက္ကဋ္ဌ ဦးသန်းတိုးအောင်က အစည်းအဝေးသို့ တက်ရောက်ဆွေးနွေးခဲ့ကြ သည့် အဖွဲ့ဝင်များအား ကျေးဇူးတင်ရှိပါကြောင်း၊ နည်းစနစ်ကော်မ တီအဖွဲ့ဝင်များအနေဖြင့် သတ်မှတ်ထားသော ကော်မတီ တာဝန်နှင့် ဝတ္ထရား များကို လိုက်နာဆောင်ရွက်ကြရန်နှင့်နိုင်ငံတကာ ပြိုင်ပွဲများ အောင်မြင်ရေးအတွက် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြပါရန် ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
