အာရှဘောလုံးအဖွဲ့ချုပ် Online CSR Ambassador Course သင်တန်းဖွင့်ပွဲတွင် ဦးဇော်ဇော် အဖွင့်မိန့်ခွန်း ပြောကြား
July 8, 2020မီဒီယာနှင့် သတင်းဆက်သွယ်ရေး ကော်မတီ (၁/၂၀၂၀) အစည်းအဝေးကျင်းပ
July 21, 2020မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် နည်းစနစ်ကော်မတီ (၂/၂၀၂၀) အစည်းအဝေးကို ဇူလိုင် ၁၇ ရက်၊ နေ့လယ်ပိုင်းက ဘောလုံးအဖွဲ့ချုပ် အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ နည်းစနစ်ကော်မတီ နာယကများဖြစ်ကြသော ဦးတင် အောင်(ဂိုး)၊ ဦးဘန်နီတင်အောင်၊ ဥက္ကဋ္ဌ ဦးသန်းတိုးအောင်၊ ဒု- ဥက္ကဋ္ဌ ဦးတင်မြင့်အောင်နှင့် အဖွဲ့ဝင်များ၊ MFF အထွေထွေ အတွင်းရေးမှူးဦးကိုကိုသိန်း တို့ တက်ရောက်ခဲ့သည်။
အခမ်းအနား အစီအစဉ်အရ နည်းစနစ်ကော်မတီဥက္ကဋ္ဌ ဦးသန်းတိုးအောင်က အဖွင့်အမှာ စကားပြောကြားရာတွင် ဒုတိယအကြိမ် ကျင်းပသည့် နည်းစနစ်ကော်မတီ အစည်းအဝေးသို့ တက်ရောက်လာသူများကိုကျေးဇူးတင်ကြောင်း၊ နည်းစနစ် ဒါရိုက်တာ ခန့်အပ်နိုင်ရေးအတွက် ကော်မတီဝင်များအနေဖြင့် အကြံပြု တင်ပြနိုင်ကြောင်း၊ လက်ရှိအချိန်သည် ကိုဗစ်ကာလဖြစ်သောကြောင့် နည်းစနစ် ဒါရိုက်တာ ရာထူးအတွက်အလျင်စလို ခန့်အပ်ဦးမည် မဟုတ်ဘဲ စိစစ်ရွေး ချယ်သွားမည်ဖြစ်ကြောင်း၊ အဖွဲ့ချုပ် အနေဖြင့် သက်တမ်းအလိုက် နည်းပြများကို စာချုပ် ချုပ်ရာတွင် ပရော်ဖက်ရှင် ပီသစွာဖြင့် ပြတ်သားရန်လိုအပ်ကြောင်း၊ မြန်မာ့လက်ရွေးစင်အသင်းအနေဖြင့် အရေးကြီးသည့်ပွဲစဉ်များ ကစားရန် ရှိသောကြောင့် ပြင်ဆင်မှုကောင်းရန် လိုအပ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
ထို့နောက် MFF အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်းက ပြီးခဲ့သည့် နည်းစနစ်ကော်မတီ (၁/၂၀၂၀) အစည်းအဝေး ဆုံးဖြတ်ချက်များ အကောင်အထည်ဖော် ဆောင်ရွက်မှုများအား ရှင်းလင်းတင်ပြခဲ့သည်။
ယင်းနောက် နည်းစနစ် ဒါရိုက်တာ ခန့်အပ်နိုင်ရေးအတွက် ဆွေးနွေးမှု များပြု လုပ်ခဲ့ပြီး နည်းစနစ်ကော်မတီဥက္ကဋ္ဌ ဦးသန်းတိုးအောင်က ကော်မတီဝင်များ အကြံပြုချက်များကို ပြန်လည်ဆွေးနွေးခဲ့သည်။
ဆက်လက်၍ MFF အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်းက ၂၀၂၀ ပြည့်နှစ် အတွင်းယှဉ်ပြိုင်ကစားသွားမည့် အမျိုးသား လက်ရွေးစင်အသင်းကြီး၊ ယူ -၂၂ အမျိုးသား လက်ရွေးစင်အသင်း၊ ယူ -၁၈ အမျိုးသား လက်ရွေးစင် အသင်း၊ ယူ -၁၆ အမျိုးသား လက်ရွေးစင်အသင်း၊ အမျိုးသမီး လက်ရွေးစင် အသင်းကြီး၊ ယူ – ၂၀ အမျိုးသမီး လက်ရွေးစင် အသင်း၊ ယူ – ၁၇ အမျိုးသမီး လက်ရွေးစင် အသင်း၊ ဖူဆယ် လက်ရွေးစင်အသင်းများ၏ ပြိုင်ပွဲများအတွက် ကြိုတင် ပြင်ဆင်ဆောင်ရွက်ထားမှုများ၊ သက်တမ်းအလိုက် လက်ရွေးစင် အသင်းများ အသုံးပြုမည့် ဘတ်ဂျက်များအကြောင်းကို အသေးစိတ် ရှင်း လင်းတင်ပြခဲ့သည်။
ထို့နောက် အထွေထွေ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ကော်မတီဥက္ကဋ္ဌ ဦးသန်း တိုးအောင်က အစည်းအဝေးသို့ တက်ရောက်ဆွေးနွေးခဲ့ကြသည့် အဖွဲ့ဝင် များအား ကျေးဇူးတင်ရှိပါကြောင်း၊ နည်းစနစ်ကော်မတီအနေဖြင့် ပွင့်လင်းမြင် သာစွာဖြင့် ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ သတ်မှတ်ထားသော ကော် မတီ တာဝန်နှင့် ဝတ္ထရားများကို လိုက်နာဆောင်ရွက် ကြရန်နှင့် နိုင်ငံတကာ ပြိုင်ပွဲများ အောင်မြင်ရေးအတွက် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြပါရန် ပြောကြားကာ အခမ်း အနားကို ရုပ်သိမ်းခဲ့ သည်။