အာရှဘောလုံး အဖွဲ့ချုပ် AFC အမှုဆောင် အစည်းအဝေး Video Conference ဖြင့်ကျင်းပ
July 23, 2020တပ်မတော်ကိုယ်ခံပညာနှင့် အားကစားသိပ္ပံမှ ဘောလုံး နည်းပြသင်တန်းနှင့် အခြေခံသင်တန်းများ ဖွင့်လှစ်
July 27, 2020မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဖူဆယ်နှင့် သဲသောင်ပြင်ဘောလုံး ကော်မတီ ( ၃/ ၂၀၂၀) အစည်းအဝေး ကို ယနေ့ (ဇူလိုင် ၂၄ရက်) မွန်းလွဲ ၁နာရီက အဖွဲ့ချုပ် အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ကော်မတီဥက္ကဋ္ဌ ဒေါက်တာရဲမွန်ထွဋ်နှင့် ကော်မတီအဖွဲ့ဝင်များ၊ အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းနှင့် ဌာနအသီးသီးမှ တာဝန်ခံများ တက်ရောက်ခဲ့ သည်။
အခမ်းအနား အစီအစဉ်အရ ကော်မတီဥက္ကဋ္ဌ ဒေါက်တာရဲမွန်ထွဋ်က အဖွင့်အမှာစကားပြောကြားရာတွင် လက်ရှိတွင် ကိုဗစ်ကြောင့် ပြိုင်ပွဲများကျင်းပနိုင်ခြင်း မရှိသေးကြောင်း၊ သို့သော်လည်း စိတ်ပျက်နေမည် မဟုတ်ဘဲ လုပ်စရာများကို ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လာမည့်လများတွင် ဖူဆယ်ရှုံးထွက်ပြိုင်ပွဲများ၊ လိဂ်ပြိုင်ပွဲများ၊ နိုင်ငံတကာ ပြိုင်ပွဲများ ကျင်းပရန် ရှိနေသောကြောင့် ပြင်ဆင်မှုများ ပြုလုပ်သွားရမည်ဖြစ်ပြီး ဆွေးနွေးအကြံပြုမှုများလည်း ပြုလုပ် နိုင်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
ထို့နောက် ၂၀၂၀-၂၁ အတွင်း ကစားသွားမည့် ပြိုင်ပွဲများ၊ စပွန်ဆာ ရရှိရေး ကြိုစားဆောင်ရွက် ပြင်ဆင်မှုများ၊ ရုပ်သံ ထုတ်လွှင့်ပြသခွင့်အတွက် ပြုလုပ်သွားရမည့် လုပ်ငန်းများ၊ ဖူဆယ်အားကစား တိုးတက်လာရန်Futsal Management Workshop ၊ ဒိုင်နှင့် နည်းပြသင်တန်းများ ဖွင့်လှစ်သင်ကြားရန် စီစဉ်ထားရှိမှုများ၊ အသစ် ထုတ်ပြန်ထားသည့် ဖူဆယ် စည်းမျဉ်းဥပဒေများကို ဒိုင်နှင့် ကစားသမားများ သိရှိနားလည်ရေး ဆောင်ရွက်ရန်များ၊ လူငယ်ဖွံ့ဖြိုးရေး လုပ်ငန်းများ၊ ပြိုင်ပွဲများ ဆက်တိုက်ရှိနေသောကြောင့် ဒိုင်လူကြီး လိုအပ်ချက်ရှိပါက ကြိုတင်ပြင်ဆင်မှု ပြုလုပ်ထားရန်များ၊၂၀၂၁ ဖူဆယ်လိဂ်တွင် ပထမတန်း၊ ဒုတိယတန်းထားရှိ ယှဉ်ပြိုင်သွားမည်ဖြစ်၍ ကြိုတင်ပြင်ဆင်ဆောင်ရွက်ရန်များ၊ ဖူဆယ် လက်ရွေးစင်အသင်း နိုင်ငံတကာပြိုင်ပွဲများတွင် အောင်မြင်မှုရရှိရေး ပြင်ဆင်မှု ပြုလုပ်ရန်များ၊ ဖူဆယ် ကစားသမားများ ကြံ့ခိုင်မှုပိုင်း အားနည်းချက်အား အဖြေရှာသွားရန်များ စသည်များကို တက်ရောက်လာသူများက ဆွေးနွေးခဲ့သည်။