ကမ္ဘာ့ဖလားခြေစစ်ပွဲများနှင့် အာရှဖလားခြေစစ်ပွဲများကို ၂၀၂၁ ခုနှစ်သို့ ပြောင်းရွှေ့ကျင်းပရန် ဖီဖာဆုံးဖြတ်
August 12, 2020MFF Audit & Compliance Committee ( 1/2020 ) အစည်းအဝေးကျင်းပ
August 18, 2020မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဖူဆယ်နှင့် သဲသောင်ပြင်ဘောလုံး ကော်မတီဝင်များနှင့် ကလပ်သင်းပိုင်ရှင်များသည် MFF Futsal Knock-Out Cup ပြိုင်ပွဲကျင်းပနိုင်ရေး အစည်းအဝေးကို ဩဂုတ် ၁၇ ရက်၊ မွန်းလွဲ ၁ နာရီက မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
အစည်းအဝေးသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဖူဆယ်နှင့် သဲသောင်ပြင်ဘောလုံးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာရဲမွန်ထွဋ်၊ ဒုတိယ ဥက္ကဋ္ဌ ဦးဇွဲလှိုင်မှီ၊ MFF အထွေထွေအတွင်းရေး မှူး ဦးကိုကိုသိန်း၊ ဖူဆယ်အသင်းပိုင်ရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် MFF Futsal Knock-Out Cup ကျင်းပနိုင်ရေးအတွက် လိုအပ်ချက်များဖြစ်သည့် ကစားသမားများနှင့် အသင်းတာဝန်ရှိသူများ Quarantine Camp ဝင်ရောက်ရေးကိစ္စရပ်များ၊ စပွန်ဆာကိစ္စရပ်များ၊ ၂၀၂၀နှင့် ၂၀၂၁ ဘောလုံးရာသီ အတွက်ကျင်းပရန်စီစဉ်ထားသည့် AFF /AFCပြိုင်ပွဲများ နှင့် ဝင်ရောက်ယှဉ်ပြိုင်ရမည့် ပြိုင်ပွဲများအကြောင်းကို ဆွေးနွေးခဲ့ကြသည်။
ထိုသို့ ဆွေးနွေးကြရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ သတ်မှတ်ထားသော SOP & Checklists များအား လိုက်နာဆောင်ရွက်ရန်နှင့် ကလပ်အသင်းများ၏ ဘဏ္ဍာရေး အခက်အခဲများကြောင့် MFF Futsal Knock-Out Cup ကို ၂၀၂၀ ပြည့်နှစ်အတွင်း မကျင်းပတော့ပဲ ၂၀၂၁ ခုနှစ်တွင်မှ ကျင်းပရန် ဖူဆယ်ကော်မတီနှင့် ကလပ်အသင်းပိုင်ရှင်များမှ တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြသည်။
ထို့အပြင် နောက်နှစ်တွင် ကျင်းပပြုလုပ်မည့် AFC FutsaL Club Championship ပြိုင်ပွဲကို VUC FC အသင်းကလည်းကောင်း၊ AFF Futsal Club Championship ပြိုင်ပွဲကို MIU FC အသင်းကလည်းကောင်း သွားရောက်ယှဉ်ပြိုင်ရန် အစည်းအဝေး တွင် အတည်ပြုဆုံးဖြတ်ခဲ့ကြသည်။