MFF Audit & Compliance Committee ( 1/2020 ) အစည်းအဝေးကျင်းပ
August 18, 2020MFF INFRASTRUCTURE COMMITTEE ( 1/2020 ) အစည်းအဝေးကျင်းပ
August 25, 2020MFF PLAYERS’ STATUS COMMITTEE ( 1/2020 ) အစည်းအဝေးကို ယနေ့ (ဩဂုတ်လ ၂၁ ရက်) နံနက် ၁၁ နာရီက အဖွဲ့ချုပ် အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ကော်မတီဥက္ကဋ္ဌ ဦးခွန်နောင်မြင့်ဝေနှင့် ကော်မတီအဖွဲ့ဝင် များ၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်း၊ မြန်မာနေရှင်နယ်လိဂ် အမှုဆောင် ချုပ် ဦးစိုးမိုးကျော်နှင့် တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြသည်။
အစီအစဉ်အရ ကော်မတီ ဥက္ကဋ္ဌ ဦးခွန်နောင်မြင့်ဝေက အဖွင့်အမှာစကားပြောကြားရာတွင် ဘောလုံးလောက တိုးတက် ရေးအတွက် လုပ်စရာရှိသည်များကို ဝိုင်းဝန်းကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ကစားသမားများ၏အခြေအနေ ကိစ္စရပ်များနှင့် ပတ်သက်သော အထွေထွေပြသာနာများကို စိစစ်ဖြေရှင်းဆောင်ရွက်ပေးနိုင်ရေး၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ ချုပ်၏ ဥပဒေများနှင့်စည်းမျဉ်စည်းကမ်းများတွင် ပါရှိသည့် ကစားသမား အပြောင်းအရွှေ့ ဆိုင်ရာ ကိစ္စရပ်များ လုပ် ဆောင်ရာတွင် စနစ်တကျ ဖြေရှင်းပေးနိုင်ရေးသွားမည်ဖြစ်၍ အဖွဲ့ဝင်များမှ အကြံဉာဏ်ပေး ပံ့ပိုးကူညီပေးစေလိုကြောင်း၊ မိမိအနေဖြင့် အတတ်နိုင်ဆုံး ပံ့ပိုးကူညီဖြေရှင်း ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
ထို့နောက် MFF အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်းက ကစားသမားကော်မတီတွင် ပါဝင်သူများနှင့် ကော်မတီ၏ လုပ်ငန်းတာဝန်များ၊ ဖီဖာမှ ထုတ်ပြန်ထားသည့် Covid Football Regulatory Issuess တွင်ပါဝင်သည့် ဘောလုံးစည်း မျဉ်းဆိုင်ရာ ပြဿနာများနှင့် အဓိကအချက်များ၊ MNL 1, MNl 2, MNL U 21, MNL U 19, Amateur League, Futsal League ,Women League, MFF Academies တို့တွင် စုစုပေါင်း ကစားသမား ၄၇၀၀ နီးပါးကစားနေကြောင်းနှင့် MNL 1, MNL 2 , ဗိုလ်ချုပ်အောင်ဆန်းဒိုင်းများတွင် အသုံးပြုနေသည့် စည်းမျဉ်းများ၊ ပြည်တွင်းနှင့် နိုင်ငံခြားသား ကစားသမား များကို ချုပ်ဆိုသည့် အပြောင်းအရွှေ့စာချုပ်များတွင် ပါဝင်သော စည်မျဉ်းဥပဒေများ၊ MFF တွင် registstered ပြုလုပ် ထားသော Intermediary နှင့်ပတ်သက်ပြီးလိုက်နာရန် အချက်အလက်များ၊ Intermediary လိုင်စင်ရထားသူ၊ လိုင်စင် သက်တမ်းတိုးသူနှင့် လိုင်စင်သစ်လုပ်ကိုင်ဆောင်ရွက်လိုသူများအား အသေးစိတ် ဆွေးနွေးတင်ပြခဲ့သည်။
ယင်းနောက် အထွေထွေ ဆွေးနွေးမှုပြုလုပ်ခဲ့ရာ ကော်မတီဥက္ကဋ္ဌ ဦးခွန်နောင်မြင့်ဝေ၊ကော်မတီအဖွဲ့ဝင်များဖြစ်သည့် ဦးဇော် မင်းစိန်၊ ဦးသန်းထွန်း၊ ဦးတင်မြင့်အောင်၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်းနှင့် မြန်မာ နေရှင်နယ်လိဂ် အမှုဆောင်ချုပ် ဦးစိုးမိုးကျော်တို့က ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းများအတွက် ဆွေးနွေးခဲ့ပြီးအစည်း အဝေးကို ရုပ်သိမ်းခဲ့သည်။