
MFF PLAYERS’ STATUS COMMITTEE ( 1/2020 ) အစည်းအဝေးကျင်းပ
August 21, 2020
အာရှ ဖူဆယ်ကလပ် ချန်ပီယံရှစ် ပြိုင်ပွဲကို VUC FC အသင်းဝင်ရောက်ယှဉ်ပြိုင်မည်
August 27, 2020MFF INFRASTRUCTURE COMMITTEE ( 1/2020 ) အစည်းအဝေးကို ယနေ့ (ဩဂုတ်လ ၂၅ ရက်) မွန်းလွဲ ၁ နာရီက အဖွဲ့ချုပ် အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ကော်မတီဥက္ကဋ္ဌ ဦးကျော်ဆန်းနှင့် ကော်မတီအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်းနှင့် တာဝန်ရှိသူများ တက်ရောက် ဆွေးနွေးခဲ့ကြ သည်။

အစီအစဉ်အရ ကော်မတီဥက္ကဋ္ဌ ဦးကျော်ဆန်းက အဖွင့်အမှာစကားပြောကြားရာတွင် ဘောလုံးပြိုင်ပွဲများ ပြုလုပ်ရာတွင် ဘောလုံးကွင်းနှင့် အခြေခံ အဆောက်အအုံပိုင်းသည် အလွန်အရေးကြီးကြောင်း၊ ထို့ကြောင့် ဘောလုံးကွင်း နှင့် အခြေခံ အဆောက်အအုံပိုင်း ကောင်းမွန်ရန် အမြဲတမ်း ပြုလုပ်နေရမည်ဖြစ်ကြောင်း၊ ထို့သို့ဆောင်ရွက်ရာတွင် အဓိက ဆောင်ရွက် ရမည်များကို ဦးစားပေးသွားရမည်ဖြစ်ကြောင်း၊ မအားလပ်သည့်ကြားက ဘောလုံးဖွံ့ဖြိုးတိုးတက်ရေး လာရောက် ဆွေ နွေးသူများအားလုံးကို ကျေးဇူးတင်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ထို့နောက် MFF အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်းက ဘောလုံးကွင်းနှင့် အခြေခံ အဆောက်အအုံများဆိုင်ရာ ကော်မတီတွင် ပါဝင်သူများနှင့် ကော်မတီ၏ လုပ်ငန်းတာဝန်များ၊ FIFA FORWARD DEVELOPMENT PROGRAMME ဖြင့်ဆောင်ရွက်နေသည့် MFF FUTSAL INDOOR STADIUM ဆောက်လုပ်ပြီးစီးမှု အခြေအနေ၊ လေ့ကျင့်ရေးကွင်းသစ် အကောင်အထည်ဖော် ပြီးစီးသွားမှု၊ သုဝဏ္ဏကွင်းအတွင်း တပ်ဆင်သွားမည့် FLOODLIGHTS UPGRADE စီမံကိန်းများ၊ အာရှဘောလုံးအဖွဲ့ချုပ် (AFC)၏ ထောက်ပံ့မှုဖြင့် ဆောင်ရွက်ပြီးစီးခဲ့သည့် ဗဟန်းမြက်ခင်း တုကွင်းနှင့် သုဝဏ္ဏကွင်းအတွင်းရှိ GYM ခန်း၊ မြက်ခင်းပြင်၊ PRESS CONFERENCE ခန်းမ၊ TEAM DRESSING ROOM ပြုပြင်ဆောင်ရွက်ပြီးစီးမှုများ ၊ 2019 – 2020 အတွင်းဆောင်ရွက်သွားမည့် PROPOSED PROJECTများ၊ လက် ရှိ အသုံးပြုနေသည့် ဘောလုံးကွင်းများနှင့် လေ့ကျင့်ရေးကွင်းများ ပိုမိုကောင်း ရန် ဆောင်ရွက်နေမှုများအား အသေးစိတ် ဆွေးနွေးတင်ပြခဲ့သည်။

ယင်းနောက် အထွေထွေ ဆွေးနွေးမှုပြုလုပ်ခဲ့ရာ ကော်မတီဥက္ကဋ္ဌ ဦးကျော်ဆန်း၊ ကော်မတီအဖွဲ့ဝင်များဖြစ်သည့် ဦးကိုကို ဌေး၊ ဦးထောင်ထာထန်း၊ ဒေါက်တာရဲမွန်ထွဋ်နှင့် MFF အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်းတို့က ဦးစားပေး ဆောင် ရွက်သင့်သည့် လုပ်ငန်းများကို ဆွေးနွေးကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။
