
အာရှ ဖူဆယ်ကလပ် ချန်ပီယံရှစ် ပြိုင်ပွဲကို VUC FC အသင်းဝင်ရောက်ယှဉ်ပြိုင်မည်
August 27, 2020
MFF ဥက္ကဋ္ဌ ဦးဇော်ဇော် (၂၇)ကြိမ်မြောက် AFF Congress အစည်းအဝေးတက်ရောက်
November 24, 2020အာရှဘောလုံးအဖွဲ့ချုပ် AFC ဒုတိယ ဥက္ကဋ္ဌ ဦးဇော်ဇော်သည် နိုဝင်ဘာ ၁၂ ရက်နေ့ မွန်းလွဲပိုင်းက Video Conference ဖြင့်ပြုလုပ်သည့် AFC Social Responsibility Committee အစည်းအဝေးသို့ တက်ရောက်၍ အာရှနိုင်ငံများ အတွက် လူမှုကူညီရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ကော်မတီ ဘက်ဂျတ်စိစစ်ခွင့်ပြုခြင်းနှင့် CSR လုပ်ငန်းဆိုင်ရာ အထွေထွေ ကိစ္စရပ်များအား ဆွေးနွေးခဲ့သည်။

AFC ၏ Social Responsibility Committee ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် ဦးဇော်ဇော်သည် ကော်မတီ အဖွဲ့ဝင် များဖြစ်သည့် အီရတ်၊ ဂျော်ဒန်၊ ဘင်္ဂလားဒေ့ရှ်၊ ဘရူနိုင်း၊ လက်ဘနွန်၊ မွန်ဂိုလီယား၊ မြောက်မာရီယားနား ကျွန်းစု၊ အိုမန်၊ ပါလက်စတိုင်း၊ ဆော်ဒီအာရေဗျ၊ စင်ကာပူ၊ ဆီးရီးယား၊ ယူအေအီး၊ ဥဇဘတ်ကစ္စတန်၊ ယီမင်၊ ကာဂျစ္စတန်၊ လာအိုတို့မှ အဖွဲ့ဝင်များနှင့် အာရှဒေသ Covid-19 ကာကွယ်ကုသရေး လုပ်ငန်းများအတွက် ဦးဆောင်ဆွေးနွေးခဲ့သည်။

အစည်းအဝေးတွင် နီပေါ၊ အာဖဂန်နစ္စတန်၊ ဘူတန်၊ တရုတ်(တိုင်ပေ)၊ မြန်မာ၊ အင်ဒိုနီးရှား၊ ဂူအမ်၊ မလေးရှား၊ မွန်ဂိုလီယား အစရှိသည့်နိုင်ငံများအား Covid-19 ကာကွယ်ကုသရေး လုပ်ငန်းများအတွက် အကူအညီများ ထောက်ပံ့ပေးအပ်ရန် ထည့် သွင်း ဆွေးနွေးခဲ့ကြသည်။ ထို့အပြင် ဗီယက်နမ် ရေဘေးသင့်ပြည်သူများအတွက် ကူညီရန်လည်းကောင်း၊ မလေးရှား နိုင်ငံက ကျင်းပမည့် မသန်စွမ်း ဘောလုံးပြိုင်ပွဲအား ပံ့ပိုးကူညီရန်နှင့် ကော်မတီ၏ လာမည့်နှစ်များတွင် ဆောင်ရွက်မည့် လူမှုကူညီရေး လုပ်ငန်းစဉ်များကိုလည်းကောင်း ထည့်သွင်းဆွေးနွေးခဲ့သည်။
