အာရှဘောလုံးအဖွဲ့ချုပ် အမှုဆောင်အစည်းအဝေး ကျင်းပ
November 25, 2020၂၀၂၁ ခုနှစ်ဘောလုံးရာသီအတွက် MNLလိဂ်ကော်မတီ အစည်းအဝေးကျင်းပ
January 6, 2021မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အမှုဆောင်အစည်းအဝေး Video Conference ဖြင့်ကျင်းပ
———————————–
မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် (MFF) အလုပ်အမှုဆောင်အစည်းဝေး (၃/၂၀၂၀) အား ယနေ့ မနက် (၁၀)နာရီက Video Conference ဖြင့်ကျင်းပခဲ့ပြီး MFF ဥက္ကဋ္ဌ ဦးဇော်ဇော်၊ ဒုတိယ ဥက္ကဋ္ဌ- ၁ ဒေါက်တာစိုင်းဆမ်ထွန်းနှင့် အလုပ်အမှုဆောင်များ၊ MFF နှင့် MNL တို့မှ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြသည်။ အစည်းအဝေးတွင် MFF ဥက္ကဋ္ဌက အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် တက်ရောက်လာသည့် အလုပ်အမှုဆောင် အဖွဲ့ဝင်များနှင့် ကဏ္ဍအလိုက် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။
ယနေ့ကျင်းပခဲ့သည့်အစည်းအဝေးတွင် အဓိကအားဖြင့် လာမည့် ၂၀၂၁ ခုနှစ်အတွင်း မြန်မာ့လက်ရွေးစင် အမျိုးသား အမျိုးသမီး အသင်း အသီးသီး ပါဝင်ယှဉ်ပြိုင်ကြမည့် နိုင်ငံတကာ ပြိုင်ပွဲများအတွက် ကြိုတင်ပြင်ဆင်မှုများ၊ အိမ်ရှင်အဖြစ် ကျင်းပမည့် ပြိုင်ပွဲ များနှင့် ပြည်ပသို့ သွားရောက်ယှဉ်ပြိုင်ရမည့် ပြိုင်ပွဲများအတွက် ကြိုတင်ပြင်ဆင်မှုများ၊ ယင်းတို့အတွက် ကုန်ကျစရိတ်များနှင့် ကိုဗစ်ကပ်ဘေးလွန်ကာလ စီမံခန့်ခွဲမှုများ၊ ကိုဗစ်ကာလအတွင်း စီမံဆောင်ရွက်နိုင်စရာ ရှိသည်များအား ကြိုတင်စီစဉ်ထားရှိမှုများ၊ အဖွဲ့ချုပ်၏ လက်ရွေးစင် အသင်းအသီးသီးအတွက် ကုန်ကျစရိတ်များ အပါအဝင် ၂၀၂၁ ခုနှစ်အတွင်း ကဏ္ဍအလိုက် လည်ပတ်သုံးစွဲရမည့် ငွေကြေးစီမံခန့်ခွဲမှုများ၊ ဘဏ္ဍာငွေ နှင့် စပွန်ဆာပံ့ပိုးမှုများ တည်ငြိမ်မှုရှိရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်ရေး ကိစ္စများ၊ နည်းစနစ်ပိုင်း တာဝန်ယူဆောင်ရွက်နေသည့် ကော်မတီနှင့်ဌာနတို့အနေဖြင့် နိုင်ငံတကာ ပြိုင်ပွဲများ သွားရောက် ယှဉ်ပြိုင်ရေး၊ လူငယ် ဖွံ့ဖြိုးရေး၊ သွေးသစ်များ ရှာဖွေဖော်ထုတ်ရေး၊ အကယ်ဒမီများအား ယခုထက် ပိုမိုကောင်းမွန်စွာဖြင့် လည်ပတ်နိုင်ရေး တို့ကို ပိုမိုစနစ်ကျစွာ ဦးစီးဆောင်ရွက်ရေး၊ ဖူဆယ်ကဏ္ဍတွင် ဖူဆယ်လက်ရွေးစင် နည်းပြပြန်လည်ရှာဖွေရေးနှင့် ပြိုင်ပွဲများ နေရာအများအပြားတွင် ကျင်းပနိုင်ရေး၊ မြန်မာ့ဖူဆယ်လောက ယခင်ထက်ပိုမို အားကောင်းရေး အတွက် သက်ဆိုင်ရာ ကော်မတီနှင့် အဖွဲ့ချုပ်တို့ ပူးပေါင်း၍ အတူတကွ အကောင်အထည်ဖော်ဆောင်ရေး၊ မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်းများအတွက် နိုင်ငံတကာ ဘောလုံးအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ထောက်ပံ့ကူညီမှု ပြုနိုင်ရေး၊ မကြာမီ ပြီးစီးတော့မည့် နိုင်ငံတကာ အဆင့်မီ ဖူဆယ် အားကစားရုံ၊ ကစားကွင်းများ အပါအဝင် အဖွဲ့ချုပ် အခြေခံအဆောက်အဦ ကဏ္ဍအား စနစ်တကျ ကိုင်တွယ်ဆောင်ရွက်ရေး၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနနှင့်လည်းကောင်း၊ ပညာရေး ဝန်ကြီးဌာနနှင့်လည်းကောင်း လူငယ်ပြိုင်ပွဲများ၊ ကစားကွင်းများ အစရှိသည့် မြန်မာ့ဘောလုံး ဖွံ့ဖြိုးရေး အတွက် အခြေခံအုတ်မြစ်ဖြစ်သည့် နေရာအသီးသီးတွင် ယခင်ကဲ့သို့ အတူတကွ ပူးပေါင်းဆောင်ရွက်ရေး အစရှိသည်တို့ကို အကျယ်တဝံ့ ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။
” ကျွန်တော်တို့က အစိုးရ မဟုတ်တဲ့အဖွဲ့အစည်း ဖြစ်သော်လည်းပဲ ကော်မာရှယ်အရ ရှာနိုင်မှပဲ ဘောလုံးဖွံ့ဖြိုးရေး လုပ်ငန်းတွေ ရှေ့ဆက်လုပ်သွားနိုင်မှာပါ၊ ဒါကြောင့် ငွေကြေးအရ သုံးစွဲမှာတွေမှာ ပြန်လည်သုံးသပ်ရမှာတွေ၊ နည်းပြပိုင်းကအစ ပြိုင်ပွဲကျင်းပရမယ်ကိစ္စတွေအဆုံး အသေးစိတ်ပြန်လည် သုံးသပ်ရမှာတွေရှိပါတယ်။ အခက်ခဲကြားမှာပဲ ကျွန်တော်တို့ အောင်မြင်အောင် လုပ်သွားကြရမယ့် အခြေအနေပါ။ အကောင်းဆုံးကိုတော့ လူတိုင်းကလိုချင်ကြမှာပါ။ ဒီအချိန်မှာတော့ အသက်ရှင်သန်ရေးနဲ့ ဘဝအာမခံချက် လုံခြုံမှုရှိရေးတွေကို ဦးစားပေးသွားနေရတဲ့ အချိန်ပါ။ အားလုံးဝိုင်းဝန်း ဆွေးနွေးပေးကြစေလိုပါတယ်။ လူတိုင်းဟာ အခုအချိန်မှာ ဒုက္ခကိုယ်စီနဲ့ကြုံတွေ့နေရတဲ့အချိန်၊ မွန်းကျပ်နေကြတဲ့ အချိန်ပါ။ ဒါတွေကို မျက်ကွယ်မပြုဘဲနဲ့ အမှုဆောင်များကလည်း တင်ပြချက်တွေ ဆွေးနွေးချက်တွေကို သေသေချာချာ ထည့်သွင်း စဉ်းစားဆွေးနွေးကြစေလိုပါတယ်။ ဒါပေမဲ့လည်း ကျွန်တော်တို့ အမှုဆောင် များရဲ့ ဦးဆောင်မှု၊ အလုပ်လုပ်နိုင်စွမ်းပေါ်မူတည်ပြီး အဖြေကောင်းတွေ ထွက်နိုင်ပါတယ်။ အခက်အခဲတွေ ကြားထဲကပဲအခြေအနေပေါ်မှာ သုံးသပ်ပြီး ကိုယ့်နိုင်ငံ ကိုယ့်ဘောလုံးလောက တိုးတက်ဖို့ ဝိုင်းဝန်းဆွေးနွေးပေးကြစေလိုပါတယ်” ဟု ဦးဇော်ဇော်က အဖွင့်အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့သည်။ ယင်းနောက် ကော်မတီ အသီးသီးကလည်း ကဏ္ဍအလိုက် တင်ပြဆွေးနွေး
မှုများ ပြုလုပ်ခဲ့ကြသည်။
အမှုဆောင် အစည်းအဝေးတွင် လူငယ် ဘောလုံးပြိုင်ပွဲများ၊ သက်တမ်းအလိုက် ဖူဆယ်ပွဲများ ကျင်းပရေးတွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနနှင့် ညှိနှိုင်း ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် ကွန်ဂရက်စ်ကို လာမည့် ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၃၀ ရက်တွင် Video Conference ဖြင့်ကျင်းပပြုလုပ်ရေး တို့ကိုအတည်ပြုဆွေးနွေးခဲ့ပါသည်။
အစည်းအဝေး တက်ရောက်သူများ
၁။ ဦးဇော်ဇော် (ဥက္ကဋ္ဌ)
၂။ ဒေါက်တာ စိုင်းဆမ်ထွန်း (ဒုတိယ ဥက္ကဋ္ဌ-၁)
၃။ ဦးမင်းလှိုင် (အလုပ်အမှုဆောင် အဖွဲ့ဝင်၊ MNL )
၄။ ဦးလှဌေး (အလုပ်အမှုဆောင် အဖွဲ့ဝင်၊ MNL )
၅။ ဦးခွန်နောင်မြင့်ဝေ (အလုပ်အမှုဆောင် အဖွဲ့ဝင်၊ MNL )
၆။ ဦးဇော်မင်းသိန်း (အလုပ်အမှုဆောင် အဖွဲ့ဝင်၊ MNL )
၇။ ဦးထောင်ထာထန်း (အလုပ်အမှုဆောင် အဖွဲ့ဝင်၊ MNL-2 )
၈။ ဦးခင်မောင်လေး (အလုပ်အမှုဆောင် အဖွဲ့ဝင်၊ အထက်မြန်မာပြည်)
၉။ ဦးသန်းတိုးအောင် (အလုပ်အမှုဆောင် အဖွဲ့ဝင်၊ ကစားသမားအစုအဖွဲ့)
၁၀။ ဦးတင်မြင့်အောင် (အလုပ်အမှုဆောင် အဖွဲ့ဝင်၊ နည်းပြအစုအဖွဲ့)
၁၁။ ဦးကျော်ဆန်း (အလုပ်အမှုဆောင် အဖွဲ့ဝင်၊ ကျန်းမာရေးနှင့်အားကစား)
၁၂။ ဦးကိုကိုဌေး (အလုပ်အမှုဆောင် အဖွဲ့ဝင်၊ ပညာရေး)
၁၃။ ဒေါက်တာ သန်းနိုင်စိုး (အလုပ်အမှုဆောင် အဖွဲ့ဝင်၊ ကျန်းမာရေးနှင့်အားကစား)
၁၄။ ဒေါ်မြတ်မြတ်ဦး (အလုပ်အမှုဆောင် အဖွဲ့ဝင်၊ အမျိုးသမီးဘောလုံး)
၁၅။ ဦးထွန်းလှအောင် (အလုပ်အမှုဆောင် အဖွဲ့ဝင်၊ ဒိုင်)
၁၆။ ဒေါက်တာရဲမွန်ထွဋ် (အလုပ်အမှုဆောင် အဖွဲ့ဝင်၊ ဖူဆယ်)
၁၇။ ဦးဇွဲလှိုင်မှီ (အလုပ်အမှုဆောင် အဖွဲ့ဝင်၊ အောက်မြန်မာပြည်)
၁၈။ ဦးဇော်မင်းစိန် (ဥပဒေရေးရာ ကော်မတီဥက္ကဌ)
၁၉။ ဦးချစ်ဝင်းမောင် (မီဒီယာကော်မတီဥက္ကဌ)
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနေရှင်နယ်လိဂ်မှ တက်ရောက်သူများ
(က) အဖွဲ့ချုပ် ဥက္ကဋ္ဌ အကြံပေးပုဂ္ဂိုလ်များ – ဦးဘန်နီတင်အောင်၊ ဦးသန်းဇော်
(ခ) အဖွဲ့ချုပ်အထွေထွေအတွင်းရေးမှူး – ဦးကိုကိုသိန်း
(ဂ) MNL CEO – ဦးစိုးမိုးကျော်
(ဃ) MNL COO – ဦးအောင်နိုင်ဦး
(င) မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် ဌာန တာဝန်ခံများ
+4
791
People Reached
272
Engagements
Boost Post
251
3 Comments
5 Shares
Like
Comment
Share