FIFA President Address
August 27, 2021ပထမဆုံး ပရော်ဖက်ရှင်နယ် အမျိုးသမီး ကစားသမားအဖြစ် ပြည်ပထွက်ကစားမည့် ဝင်းသိင်္ဂီထွန်း
September 26, 2021မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့် ဖူဆယ်အားကစားနည်း တိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ အာရှဘောလုံးအဖွဲ့ချုပ် AFC နှင့် ပူးပေါင်းကာ AFC Futsal Level 1 Coaching Certificate Course ဖူဆယ်နည်းပြသင်တန်းကို အောက်တိုဘာလ ၁၅ ရက်မှ ၂၀ ရက်အထိ မန္တလေးမြို့တွင် ဖွင့်လှစ်သွားမည် ဖြစ်သည်။
ထိုနည်းပြသင်းတန်းကို အာရှဘောလုံးအဖွဲ့ချုပ်မှ တာဝန်ပေးအပ်သည့် သင်တန်းနည်းပြဆရာမှ လာရောက်သင်ကြားပေးမည် ဖြစ်ရာ အောက်ပါအရည်အချင်း သတ်မှတ်ချက်များနှင့် ကိုက်ညီသူများအနေဖြင့် လျှောက်ထားနိုင်ပါသည်။
- အသက်(၁၈)နှစ်ပြည့်ပြီးသူဖြစ်ပြီး ပညာအရည်အချင်းအနိမ့်ဆုံး (၁၀)တန်းဖြစ်ရမည်။ (မြန်မာ့လက်ရွေးစင်အဖြစ်ကစားခဲ့ဖူးပါက ပညာအရည်အချင်းကို လျော့ပေါ့စဥ်းစားမည် ဖြစ်သည်။)
- ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာကလပ်၊ အသင်း၊ ဝန်ကြီးဌာန၊ အဖွဲ့အစည်း၏ ထောက်ခံစာ ပါရမည်။
- ဖူဆယ်ကစားနည်းကို ကောင်းမွန်စွာ ကစားနိုင်သူဖြစ်ပြီး နည်းပြခြင်းကို စိတ်ပါဝင်စားကာ လုပ်ဆောင်လိုသူဖြစ်ရမည်။
- ကျန်းမာရေးကောင်းမွန်ပြီး သင်တန်းတွင်လက်တွေ့လေ့ကျင့်မှုသင်ခန်းစာများ လုပ်ဆောင် နိုင်သူဖြစ်ရမည်။
- လက်ရှိနည်းပြတာဝန်ထမ်းဆောင်နေသူများနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ဖွင့်လှစ်သော ဖူဆယ်အခြေခံသင်တန်းတက်ဖူးသူများကို ဦးစားပေးရွေးချယ်မည်။
- သင်တန်းကာလပြီးဆုံးသည်အထိ တက်ရောက်နိုင်သူဖြစ်ရမည်။
- အင်္ဂလိပ်ဘာသာကို အတော်အသင့်နားလည်သူဖြစ်ရမည်။
- ကွန်ပျူတာဗဟုသုတရှိရမည်ဖြစ်ပြီး Powerpoint ဖြင့် တင်ပြဆွေးနွေးနိုင်ရမည်။
- သင်တန်းတက်ရောက်ရန် ရွေးချယ်ခြင်းခံရသူများသည် သင်တန်းဝင်ကြေးအဖြစ် နိုင်ငံသား တစ်ဦးလျှင် မြန်မာငွေကျပ်တစ်သိန်း (၁၀၀,၀၀ဝိ/-)၊ နိုင်ငံခြားသားတစ်ဦးလျှင် အမေရိကန် ဒေါ်လာတစ်ထောင် (USD 1000)ကို ပေးသွင်းရမည်ဖြစ်သည်။
သင်တန်းတက်ရောက်လိုသူများ အနေဖြင့် အောက်ပါ LINK တွင် သင်တန်းလျှောက်လွှာကို Download ရယူပြီး ပြည့်စုံစွာ ဖြည့်စွက်၍ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သို့ စက်တင်ဘာလ ၂၇ ရက် ညနေ (၄)နာရီ နောက်ဆုံးထား၍ ပြန်လည်ပေးပို့ပေးရမည် ဖြစ်သည်။
Download ရယူရန် LINK
ထိုသင်တန်းတွင် သင်တန်းသားဦးရေ သတ်မှတ်ထားသောကြောင့် သတ်မှတ်ထားသော ရက်အမီပေးပို့နိုင်ခြင်းမရှိသော လျှောက်လွှာများကို ထည့်သွင်းစဉ်းစားမည် မဟုတ်ပါကြောင်းနှင့် သင်တန်းတက်ရောက်ခွင့် ရရှိသည့် သင်တန်းသားအမည်စာရင်းကို အချိန်မီ ပြန်လည်အကြောင်းကြားပေးမည်ဖြစ်ပါသည်။
ထို့အပြင် တက်ရောက်ခွင့် ရရှိသည့် သင်တန်းသားများ၏ တည်းခိုနေထိုင် စားသောက်ရေးတို့ကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ အစီအစဉ်ဖြင့် စီမံဆောင်ရွက်ပေးမည် ဖြစ်သည်။