Myanmar women top scorer starts new journey
October 1, 2021မြန်မာအမျိုးသမီးအသင်းနှင့် လက်ဘနွန်အမျိုးသမီးအသင်းတို့ ယှဉ်ပြိုင်ကစားမည့် အာရှဖလားခြေစစ်ပွဲစဉ်အတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲပြုလုပ်
October 17, 2021မြန်မာ့ လက်ရွေးစင် အမျိုးသမီး အသင်းသည် ၂၀၂၂ အာရှဖလား ခြေစစ်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ရန် အတွက် ယနေ့ (အောက်တိုဘာ ၁၁) တွင် ကာဂျစ္စတန် နိုင်ငံသို့ ထွက်ခွာသွားပြီ ဖြစ်သည်။
မြန်မာ့ လက်ရွေးစင် အမျိုးသမီး အသင်းသည် အုပ်စု(ဃ)တွင် လက်ဘနွန်၊ ယူအေအီး၊ ဂူအန် အသင်းတို့နှင့် တစ်အုပ်စုတည်း ကျရောက် လျက်ရှိပြီး အုပ်စုဗိုလ် တစ်သင်းသာ ခြေစစ်ပွဲ အောင်မြင်မည် ဖြစ်သည်။ အုပ်စု(ဃ)၏ ခြေစစ် ပွဲစဉ်များကို ကြားကွင်းအဖြစ် ကာဂျစ္စတန် နိုင်ငံက လက်ခံကျင်းပ ပေးခြင်း ဖြစ်သည်။
မြန်မာ အမျိုးသမီး အသင်းအနေဖြင့် အောက်တိုဘာ ၁၈ တွင် လက်ဘနွန် အသင်း၊ အောက်တိုဘာ ၂၁ တွင် ဂူအမ် အသင်း၊ အောက်တိုဘာ ၂၄ တွင် ယူအေအီး အသင်းတို့နှင့် ကစားရမည် ဖြစ်သည်။
ခြေစစ်ပွဲသို့ ကစားသမား ၂၃ ဦး လိုက်ပါသွားပြီး နည်းပြချုပ်အဖြစ် ဦးတင်မြင့်အောင်က တာဝန်ယူ ဆောင်ရွက်မည် ဖြစ်သည်။ မြန်မာ လက်ရွေးစင် အမျိုးသမီး အသင်းကို ယူ–၁၆၊ ယူ–၁၉ အသင်းများမှ ထွက်ပေါ်လာသော မျိုးဆက်သစ် ကစားသမား အများစုနှင့် အတွေ့အကြုံရှိ ကစားသမားများကို ပေါင်းစပ်ဖွဲ့စည်း ထားသည်။
AFC Women’s Asian Cup 2022 ပြိုင်ပွဲကို ၂၀၂၂ခုနှစ် နှစ်ဆန်းပိုင်းတွင် အိန္ဒိယနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ပြီး အိမ်ရှင် အိန္ဒိယ၊ ၂၀၁၈ ပြိုင်ပွဲ၏ ထိပ်ဆုံး သုံးသင်းဖြစ်သော လက်ရှိချန်ပီယံ ဂျပန်၊ ဩစတြေးလျ၊ တရုတ် နှင့် ခြေစစ်ပွဲအောင်မြင်လာသော အသင်း (၈)သင်း၊ စုစုပေါင်း ၁၂ သင်း တို့ ယှဉ်ပြိုင် ကစားကြမည် ဖြစ်သည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း လူစာရင်း
အသင်းအုပ်ချုပ်သူ- ဒေါ်မြတ်မြတ်ဦး
နည်းပြချုပ်- ဦးတင်မြင့်အောင်
လက်ထောက်နည်းပြ- ဦးခင်မောင်ထွေး၊ ဦးဘိုဘိုအောင်၊ ဒေါ်သူဇာထွေး
ဂိုးနည်းပြ- ဦးယဉ်မင်းအောင်
အသင်းဆရာဝန်- ဒေါက်တာယုနန္ဒာထွန်း
အကြောကျွမ်းကျင်- ဦးလွင်ဦးကို
Media officer- ဦးအောင်သော်ဖြိုး
Video Analyst- ဦးမြတ်စိုးသူ
ဂိုး- မေဇင်နွယ်၊ ဇူးလတ်နဒီ၊ ခိုင်ဇာဝင်း
နောက်တန်း- အေးအေးမိုး၊ ချစ်ချစ်၊ ခင်မျိုးဝင်း၊ ဖြူဖြူဝင်း၊ ခိုင်သဇင်၊ ဇွန်ယုယဦး၊ နန့်ဇူးဇူးထက်
အလယ်တန်း- သင်းသင်းယု၊ ခင်မိုမိုထွန်း၊ ခင်မာလာထွန်း၊ ပုံ့ပုံ့ပြည့်မောင်၊ ဝင်းဝင်း၊ နော်ထက်ထက်ဝေ၊ ရွှေရည်ထွန်း
ရှေ့တန်း- ဝင်းသိင်္ဂီထွန်း၊ စန်းသော်သော်၊ ခင်မိုးဝေ၊ မြတ်နိုးခင်၊ ဂျူလိုင်ကျော်၊ မေဖူးကို