မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း ကာဂျစ္စတန်သို့ အာရှ ခြေစစ်ပွဲယှဉ်ပြိုင်ရန် ထွက်ခွာ
October 11, 2021အာရှဖလားခြေစစ်ပွဲ အဖွင့်ပွဲစဉ်တွင် မြန်မာအမျိုးသမီးအသင်း ဂိုးပြတ်အနိုင်ရ
October 18, 2021အမျိုးသမီး အာရှဖလား ခြေစစ်ပွဲ အဖွင့်ပွဲစဉ်အဖြစ် မြန်မာ့လက်ရွေးစင် အမျိုးသမီး အသင်းနှင့် လက်ဘနွန် အမျိုးသမီး အသင်းတို့ အောက်တိုဘာ ၁၈ရက်၊ မြန်မာစံတော်ချိန် နေ့လယ် ၁၂ နာရီ ၃၀ မိနစ်တွင် ကာဂျစ်စတန်နိုင်ငံ၊ Bishkek မြို့၌ ယှဉ်ပြိုင်ကြမည် ဖြစ်သည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း နှင့်အတူ လက်ဘနွန်၊ ဂူအမ်၊ ယူအေအီး အသင်းတို့ ပါဝင် ယှဉ်ပြိုင်မည့် အာရှဖလား ခြေစစ်ပွဲများအတွက် MCM Meeting နှင့် Press conference ကို အောက်တိုဘာ ၁၇ ရက် နေ့လယ်ပိုင်းက Online စနစ်ဖြင့် ကျင်းပခဲ့သည်။ အဆိုပါ ခြေစစ်ပွဲတွင် ပထမရရှိသည့် အသင်း (၁) သင်းသာ အိန္ဒိယနိုင်ငံတွင် ကျင်းပမည့် အာရှဖလား ပြိုင်ပွဲသို့ တက်ရောက်ခွင့် ရရှိမည် ဖြစ်သည်။
“လက်ဘနွန် အသင်းနဲ့ တစ်ကြိမ်မှ မယှဉ်ပြိုင်ဖူးပေမယ့် အနီးစပ်ဆုံး ပြိုင်ပွဲတွေမှာ သူတို့ယှဉ်ပြိုင်ခဲ့တဲ့ ပုံစံတွေကို လေ့လာထားပါတယ်။ လက်ဘနွန် အသင်းက အာရှအလယ်ပိုင်းမှာ အင်အားကောင်းတဲ့ အသင်းတစ်သင်း ဖြစ်လို့ လေးလေးစားစားနဲ့ ယှဉ်ပြိုင် သွားမှာပါ။ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းနဲ့ အကောင်းဆုံး ရလဒ်ရရှိဖို့ ကြိုးစားသွားပါမယ်။ ဒီပြိုင်ပွဲမှာ အကောင်းဆုံးရလဒ် ရရှိပြီး အာရှဖလားကို ဝင်ခွင့်ရမယ်လို့ ယုံကြည်ပါတယ်” ဟု မြန်မာ့ လက်ရွေးစင် အသင်း နည်းပြချုပ် ဦးတင်မြင့်အောင်က ပြောသည်။