
မြန်မာအမျိုးသမီးအသင်းနှင့် လက်ဘနွန်အမျိုးသမီးအသင်းတို့ ယှဉ်ပြိုင်ကစားမည့် အာရှဖလားခြေစစ်ပွဲစဉ်အတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲပြုလုပ်
October 17, 2021
မြန်မာ ယူ-၂၃ အသင်း အာရှဖလားခြေစစ်ပွဲ ယှဉ်ပြိုင်ရန် ထွက်ခွာ
October 20, 2021အိန္ဒိယနိုင်ငံတွင်ကျင်းပမည့် အမျိုးသမီး အာရှဖလား ၂၀၂၂ ပြိုင်ပွဲဝင်ရောက်ခွင့်ရရှိရေးအတွက် ယှဉ်ပြိင်ရသည့် အာရှဖလားခြေစစ်ပွဲ အုပ်စု (ဃ) အဖွင့်ပွဲစဉ်အဖြစ် မြန်မာအသင်းနှင့် လက်ဘနွန်အသင်းတို့ အောက်တိုဘာ ၁၈ရက် နေ့လည် ၁၂နာရီ ၃၀မိနစ်က ယှဉ်ပြိုင်ခဲ့ကြပြီး မြန်မာအသင်းက (၄-၀)ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းအတွက် အဖွင့်ဂိုးကို တိုက်စစ်မှူးဝင်းသိင်္ဂီထွန်းမှ ပွဲချိန် ၂၄မိနစ်တွင်ရရှိခဲ့သည့် ပင်နယ်တီမှ တဆင့်သွင်းယူပေးခဲ့သည်။ မြန်မာ့အသင်းအတွက် ဒုတိယဂိုးကို ပွဲချိန် ၆၄မိနစ်တွင် လူစားဝင် တောင်ပံကစားသမား မြတ်နိုးခင်က သွင်းယူပေးခဲ့ပြီး တတိယဂိုးကို စန်းသော်သော်က ပွဲချိန်၈၆မိနစ်တွင် ခေါင်းတိုက်သွင်းယူခဲ့သည်။ မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းအတွက် စတုတ္ထဂိုးကို ပွဲချိန် မိနစ် ၉၀ တွင်လူစားဝင်လာသည့် တိုက်စစ်မှူး ဂျူလိုင်ကျော်မှ နာကျင်အချိန်ပို ၉၀+၃ မိနစ်တွင် သွင်းယူပေးခဲသည်။

“လက်ဘနွန်အသင်း ဒီနေ့ကစားသွားခဲ့တာကောင်းပါတယ်။ သူတို့ လုပ်နိုင်စွမ်းအကုန်လုံးကြိုးစားအားထုတ်ပြီး ကစားသွားခဲ့ပါတယ်။ ဒီနေ့နိုင်ပွဲရဖို့အကောင်းဆုံးကစားပေးခဲ့တဲ့ မြန်မာကစားသမားအားလုံးကို ချီးကျူးပါတယ်။ အမှားအချို့ရှိနေသေးပေမယ့် ဒီနေ့နိုင်ပွဲအတွက် ဝမ်းသာရပါတယ်။ အုပ်စုထဲက အသင်းအားလုံးကို လေးလေးစားစားနဲ့ယှဉ်ပြိုင်ကစားသွားမှာပါ” ဟု မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း နည်းပြချုပ် ဦးတင်မြင့်အောင်က ပွဲပြီးသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

“ခြေစွမ်းအကောင်းကြီး မဟုတ်ပေမယ့် အနိုင်ရလဒ်အတွက် ဝမ်းသာပါတယ်။ တစ်ဦးခြင်းမဟုတ်ဘဲ အသင်းလိုက်ကစားပုံကောင်းပြီး လိုအပ်တဲ့ဂိုးတွေရခဲ့လိုကျေနပ်ပါတယ်။ အကောင်းဆုံးကြိုးစားပေးခဲ့တဲ့ အသင်းဖော်တွေကို ကျေးဇူးတင်ပါတယ်” ဟု အသင်းခေါင်းဆောင် ခင်မာလာထွန်းက ပွဲအပြီးတွင် ပြောကြားခဲ့သည်။
