မြန်မာ ယူ-၂၃ အသင်း အာရှဖလားခြေစစ်ပွဲ ယှဉ်ပြိုင်ရန် ထွက်ခွာ
October 20, 2021အာရှခြေစစ်ပွဲအောင်မြင်ခဲ့သည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း
October 24, 2021အမျိုးသမီး အာရှဖလားခြေစစ်ပွဲ အုပ်စု (ဃ) ဒုတိယပွဲစဉ်အဖြစ် အောက်တိုဘာ ၂၁ ရက်နေ့ မြန်မာစံတော်ချိန် ၅နာရီ ၃၀မိနစ် ကာဂျစ်စတန် နိုင်ငံတွင်ယှဉ်ပြိုင်ခဲ့သည် မြန်မာအသင်းနှင့် ဂူအမ်အသင်းတို့ပွဲစဉ်တွင် မြန်မာအသင်းက (၈-၀)ဂိုးဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့သည်။
မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းအတွက် အဖွင့်ဂိုးကို ပွဲချိန် တိုက်စစ်မှူးဝင်းသိင်္ဂီထွန်းမှ ပွဲချိန် ၄မိနစ်တွင် စတင်သွင်းယူခဲ့ပြီး ဒုတိယဂိုးကို မြတ်နိုးခင်က ပွဲချိန် ၁၄မိနစ်၊ တတိယဂိုးကို ဝင်းသိင်္ဂီထွန်းက ပွဲချိန် ၃၇မိနစ်၊ စတုတ္ထဂိုးကို ပွဲချိန် ၅၀မိနစ်တွင် ခင်မိုမိုထွန်း၊ပဉ္စမဂိုးနှင့် ဆဋ္ဌမဂိုးကို ပွဲချိန်၅၃မိနစ်နှင့် ပွဲချိန် ၈၅မိနစ်တို့တွင် စန်းသော်သော်၊ သတ္တမဂိုးကို ပွဲချိန် ၉၀မိနစ်တွင် လူစားဝင်ကစားသမား ပုံ့ပုံ့ပြည့်မောင်၊ အဋ္ဌမဂိုးကို တိုက်စစ်မှူး ဂျူလိုင်ကျော်က ပွဲချိန် ၉၀+၃ မိနစ်တွင် သွင်းယူပေးခဲ့သည်။
“ကာလကြာရှည်ခြေစမ်းပွဲတွေမရှိခဲ့တော့ ပထမဆုံးပွဲမှာ နည်းနည်းအခက်အခဲဖြစ်ခဲ့ပေမယ့် ဒီနေ့ပွဲမှာ အကောင်းဆုံးပုံစံနဲ့ ကစားနိုင်ခဲ့ပါတယ်။ ဝါ့ရင့်ကစားသမားတွေက အသင်းကို အကောင်းဆုံးထိန်းကြောင်းနိုင်ခဲ့သလို ငယ်ရွယ်တဲ့ကစားသမားလေးတွေဟာလည်း အကောင်းဆုံးကစားနိုင်ခဲ့ပါတယ်။ အသင်းမှာ ငယ်ရွယ်တဲ့ကစားသမား အများကြီးရှိနေပြီး သူတို့အတွက် လိုအပ်တဲ့ ပွဲအတွေ့အကြုံတွေ ရလာရင် ပိုပြီးကောင်းလာမယ်လို့ထင်ပါတယ်။ တစ်ဖက်က ဂူအမ်အသင်းကလည်း သူတို့စွမ်းသလောက် ကြိုးစားကစားခဲ့လို့ လေးစားပါတယ်။ အာရှဖလားဝင်ခွင့်ရဖို့အတွက် တစ်ပွဲပြီး တစ်ပွဲအကောင်းဆုံး ပြင်ဆင်ပြီး ယှဉ်ပြိုင်သွားမှာပါ” ဟု မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း နည်းပြချုပ် ဦးတင်မြင့်အောင်က ပွဲပြီးသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
“အသင်းသားတွေအားလုံး စည်းစည်းလုံးလုံးနဲ့ ကစားခဲ့လို အခုလိုအနိုင်ရလဒ်ကိုရတာပါ။ ပထမပွဲထက်ပိုပြီး အသင်းက ပိုကောင်းလာပါတယ်။ခြေစစ်ပွဲအောင်ဖို့ အတွက် နောက်ခြေလှမ်းတခုလှမ်းနိုင်ခဲ့လို့ အရမ်းဝမ်းသာပါတယ်” ဟု တိုက်စစ်မှူး ဝင်းသိင်္ဂီထွန်း က ပွဲအပြီးတွင် ပြောကြားခဲ့သည်။