အာရှခြေစစ်ပွဲအောင်မြင်ခဲ့သည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း
October 24, 2021အာရှယူ-၂၃ခြေစစ်ပွဲ အဖွင့်ပွဲစဉ်တွင် တရုတ်(တိုင်ပေ)အသင်းကို အနိုင်ရရှိခဲ့သည့် မြန်မာအသင်း
October 30, 2021အိန္ဒိယနိုင်ငံတွင် အိမ်ရှင်အဖြစ်ကျင်းပမည့် ၂၀၂၂ အာရှဖလားအမျိုးသမီးပြိုင်ပွဲ အတွက် မဲခွဲပွဲကို အောက်တိုဘာ ၂၈ရက် နေ့လယ်ပိုင်းက အာရှဘောလုံးအဖွဲ့ချုပ်တည်ရှိရာ မလေးရှာနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါမဲခွဲပွဲ အတွက် ဦးစားပေး (၁)တွင် အိမ်ရှင်အိန္ဒိယ၊သြစတြေးလျ၊ဂျပန် ဦးစားပေး (၂)တွင် တရုတ်၊ထိုင်း၊ တောင်ကိုရီးယား နှင့် ဦးစားပေး (၃)တွင် ဖိလစ်ပိုင်၊ဗီယက်နမ်၊ တိုင်ပေ ဦးစားပေး (၄) မြန်မာ၊အီရန်၊အင်ဒိုနီးရှား တို့ အသီးသီးသတ်မှတ်ခဲ့သည်။
မဲခွဲပွဲ အဖွင့်နှုတ်ခွန်းဆက်စကားကို အာရှဘောလုံးအဖွဲ့ချုပ် အတွင်းရေးမှူး Dato’ Windsor John မှ ပြောကြားခဲ့ပြီး ပြိုင်ပွဲအတွက် ကြိုဆိုနှုတ်ခွန်းဆက်စကားကို အိန္ဒိယနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဌ Praful Patel မှ ပြောကြားခဲ့သည်။
အာရှဖလား အမျိုးသမီးပြိုင်ပွဲကို ပြိုင်ပွဲဝင်အသင်း (၁၂)သင်းအား (၄)သင်း (၃)အုပ်စု ခွဲကာ ယှဉ်ပြိုင်မည်ဖြစ်ပြီး အာရှဖလားသို့ အိမ်ရှင် အိန္ဒိယနှင့် နောက်ဆုံးပြိုင်ပွဲမှ ထိပ်ဆုံး အသင်း (၃)သင်းဖြစ်သည် ဂျပန်၊သြစတြေးလျ၊ ဂျပန်အသင်းတို့သည် တိုက်ရိုက်ဝင်ခွင့်ရပြီး ကျန်အသင်းများဖြစ်သည့်
ထိုင်း၊တောင်ကိုရီးယား၊ ဖိလစ်ပိုင်၊ဗီယက်နမ်၊တိုင်ပေ၊ မြန်မာ၊အီရန်၊အင်ဒိုနီးရှားအသင်းတို့သည် ခြေစစ်ပွဲများကို အုပ်စုပထမနေရာများမှ အာရှဖလားသို့ဝင်ရောက်ခွင့် ရရှိခဲ့သည့် အသင်းများဖြစ်သည်။
ထို့နောက် အာရှဖလား အမျိုးသမီး ပြိုင်ပွဲ မဲခွဲမှုကို ပြုလုပ်ခဲ့ပြီး အုပ်စု (က)တွင် အိန္ဒိယ၊ အီရန်၊တိုင်ပေ ၊တရုတ်၊ အုပ်စု(ခ)တွင် အင်ဒိုနီးရှား၊ဖိလစ်ပိုင်၊ထိုင်း၊သြစတြေးလျ အုပ်စု(ဂ)တွင် မြန်မာ၊ဗီယက်နမ်၊တောင်ကိုရီးယား၊ဂျပန် တို့အသီးသီးကျရောက်ခဲ့သည်။
၂၀၂၂ အာရှဖလားအမျိုးသမီးပြိုင်ပွဲ ကို အိန္ဒိယနိုင်ငံတွင် ဇန်နဝါရီ ၂၀ မှ ဖေဖော်ဝါရီ ၆ရက်အထိ ပြိုင်ပွဲဝင်အသင်း ၁၂သင်းနှင့် ကျင်းပပြုလုပ်မည်ဖြစ်သည်။